Sunday, June 19, 2022

ါလီမန်ရွေးကောက်ပွဲများအား ဆောလျင်စွာကျင်းပသွားမည်မဟုတ်ဘဲ ၂၀၂၄ ခုနှစ်မှသာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြောက်မက်ဆီဒိုးနီးယားဝန်ကြီးချုပ်ကပြောကြားခဲ့ခြင်း

၁၀။ ပါလီမန်ရွေးကောက်ပွဲများအား ဆောလျင်စွာကျင်းပသွားမည်မဟုတ်ဘဲ ၂၀၂၄ ခုနှစ်မှသာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြောက်မက်ဆီဒိုးနီးယားဝန်ကြီးချုပ် ဒီမီတာကိုဗာချီဗ်စကီ (Dimitar Kovachevski) က အာဏာရညွန့်ပေါင်းပါတီခေါင်းဆောင် များနှင့် တွေ့ဆုံပြီးနောက် ဇွန်လ ၁၉ ရက်တွင် ပြောကြားခဲ့ပါသည်။ အဓိကအတိုက်အခံ VMRO-DMPNE ပါတီသည် ပါလီမန်ရွေးကောက်ပွဲဆောလျင်စွာကျင်းပရန် တောင်းဆိုသည့် အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတစ်ရပ်ကို ဇွန်လ ၁၈ ရက်တွင်ပြုလုပ်ခဲ့ပြီးနောက် ဝန်ကြီးချုပ် ကိုဗာချီဗ်စကီက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ အတိုက်အခံများ၏ တောင်းဆိုမှုအား မလိုက်လျောပါက အစိုးရအဖွဲ့၏အုပ်ချုပ်ရေးယန္တရားကို ယိုယွင်းပျက်စီး အောင်လုပ်ဆောင်သွားမည်ဖြစ်ပြီး အခြားသောလူထုစုဝေးပွဲများ ပြုလုပ်သွားမည်ဖြစ် ကြောင်း VMRO-DMPNE ပါတီက ခြိမ်းခြောက်ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment