Ahvalnews; Jun-6(Mon)
တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ဆွီဒင်နိုင်ငံအနေဖြင့် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) သို့ ဝင်ရောက်နိုင်ရန် အတွက် တူရကီနိုင်ငံ၏ အတည်ပြုထောက်ခံချက်ကို ရရှိလိုပါက ဆွီဒင်ကာကွယ်ရေး ဝန်ကြီး ပီတာဟော့ဗစ် (Peter Hultqvist) ကို ရာထူးမှထုတ်ပယ်ရန် ဆွီဒင်ဝန်ကြီးချုပ် မာဂယ်လီနာအန်ဒါဆန် (Magdalena Andersson) အား တောင်းဆိုခဲ့ကြောင်း ဆွီဒင် သတင်းအရင်းအမြစ်များက ဖော်ပြခဲ့ပါသည်။
သုံးသပ်ချက်
NATO အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သော တူရကီသည် ဆွီဒင်နှင့် ဖင်လန်နိုင်ငံ တို့၏ NATO အဖွဲ့သို့ ဝင်ရောက်ရန် ကြိုးပမ်းမှုများကို ကန့်ကွက်လျက်ရှိပါသည်။ ထိုသို့ ကန့်ကွက်နေခြင်းမှာ တူရကီအစိုးရက အကြမ်းဖက်ဟု ယူဆထားသည့် အဖွဲ့အစည်း များဖြစ်သည့် ကာ့ဒ်စစ်သွေးကြွအဖွဲ့များနှင့် အမေရိကန်အခြေစိုက် အစ္စလာမ္မစ် ဘာသာရေးခေါင်းဆောင် ဖက်သူလာဂူလန် (Fethullah Gulen) ၏ နောက်လိုက် များအား ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့က ထောက်ပံ့မှုပြုလုပ်နေခြင်းကြောင့်ဖြစ်ပါသည်။ ဖင်လန်နှင့် ဆွီဒင်တို့၏ အကြီးတန်းအရာရှိများသည် ပြီးခဲ့သည့် သီတင်းပတ်တွင် တူရကီနိုင်ငံသို့သွားရောက်၍ NATO အဖွဲ့ဝင်ဖြစ်ရေးအတွက် တူရကီ၏ ကန့်ကွက်မှု များကို ကျော်လွှားနိုင်ရန် ဆွေးနွေးခဲ့ကြသော်လည်း တိုးတက်မှုအနည်းငယ်သာရှိခဲ့ ပါသည်။ ဆွီဒင်နိုင်ငံ၏ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) တွင် ပါဝင်ရန် ကမ်းလှမ်းမှုကို အတည်ပြုနိုင်ရန်အတွက် တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ဆွီဒင်ကာကွယ်ရေးဝန်ကြီး ပီတာဟော့ဗစ် (Peter Hultqvist) ကို ရာထူးမှ ထုတ်ပယ်ရန် ဆွီဒင်ဝန်ကြီးချုပ် မာဂယ်လီနာအန်ဒါဆန် (Magdalena Andersson) ကို တောင်းဆိုခဲ့ပါသည်။ ဟော့ဗစ်သည် ၂၀၁၁ ခုနှစ်တွင် ဆွီဒင်လွှတ်တော်အဖွဲ့ဝင်နှင့် ကာကွယ်ရေးကော်မတီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့စဉ် အတွင်း ဆွီဒင်နိုင်ငံ၊ ဘော်လန်ဂျီ (Borlange) မြို့၌ တရားမဝင်ကျင်းပပြုလုပ်ခဲ့သည့် ကာ့ဒ်အလုပ်သမားပါတီ (Kurdistan Workers' Party-PKK) ၏ အခမ်းအနားသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ခြင်းကြောင့် အာဒိုဂန်၏ တောင်းဆိုချက်ထွက်ပေါ် ခဲ့ရခြင်းဖြစ်ပါသည်။ ဆွီဒင်နိုင်ငံအနေဖြင့် တူရကီနိုင်ငံ၏ တောင်းဆိုချက်များကို လိုက်လျောပေးနိုင်မှသာလျှင် ဆွီဒင်၏ NATO အဖွဲ့ဝင်ဖြစ်ရေး မျှော်လင့်ချက်မှာ ဖြစ်ပေါ်လာနိုင်စရာရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment