Tuesday, June 28, 2022

ရကီ၊ အီရန်နှင့်အဇာဘိုင်ဂျန်နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲ အားမကြာမီကျင်းပသွားမည်ဖြစ်ခြင်း

 တူရကီ၊ အီရန်နှင့်အဇာဘိုင်ဂျန်နိုင်ငံခြားရေးဝန်ကြီးများ၏ လာမည့်ဆွေးနွေးပွဲ အား ၂၀၂၂ ခုနှစ်မကုန်မီ အီရန်နိုင်ငံတွင် ကျင်းပသွားမည်ဖြစ်ကြောင်း တူရကီနိုင်ငံခြားရေး ဝန်ကြီး မက်ဗလတ်ကာဗူဆိုဂလူ (Mevlut Cavusoglu) က ဇွန်လ ၂၈ ရက်တွင် ပြောကြား ခဲ့ပါသည်။ တူရကီနှင့် အီရန်နိုင်ငံတို့အနေဖြင့် သဘာဝပတ်ဝန်းကျင်ရေးရာကိစ္စရပ်များတွင် အတူတကွ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ကာဗူဆိုဂလူက ထပ်လောင်းပြောကြား ခဲ့ပါသည်။ တူရကီနှင့် အီရန်နိုင်ငံတို့သည် ကောင်းမွန်သည့် သမိုင်းကြောင်းဆက်ဆံရေး ရှိခြင်းကြောင့် ဘုံအကျိုးစီးပွားရရှိရေးအတွက် နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်သွားရမည် ဖြစ်ကြောင်း ကာဗူဆိုဂလူက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment