Friday, September 2, 2022

တူကီယဲသမ္မတနှင့် လစ်ဗျားအမျိုးသားညီညွတ်ရေးအစိုးရဝန်ကြီးချုပ် တို့တွေ့ဆုံခဲ့ခြင်း

တူကီယဲသမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် လစ်ဗျားအမျိုးသားညီညွတ်ရေးအစိုးရဝန်ကြီးချုပ် အဗ္ဗဒူလ်ဟာမစ်ဒီဘီဘတ် (Abdul Hamid Dbeibeh) အား စက်တင်ဘာလ ၂ ရက်တွင် တူကီယဲနိုင်ငံ၊ အစ္စတန်ဘူလ် (Istanbul) မြို့၌ လက်ခံတွေ့ဆုံခဲ့ကြောင်း Anadolu Agency သတင်းဌာနက စက်တင်ဘာလ ၃ ရက်တွင် ဖော်ပြခဲ့ပါသည်။ လစ်ဗျားနိုင်ငံ၏ ရေရှည်တည်ငြိမ်အေးချမ်းရေးအတွက် လစ်ဗျားပြည်သူများ၏ဆန္ဒနှင့်အညီ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲများ အမြန်ဆုံးကျင်းပနိုင်ရေးသည် အရေးကြီးကြောင်း တူကီယဲနိုင်ငံက ယူဆထားသည်ဟု သမ္မတ အာဒိုဂန်က အဆိုပါတွေ့ဆုံမှုအတွင်း ပြောကြားခဲ့ပါသည်။ လစ်ဗျားနိုင်ငံ၌ အာဏာရှင် မွမ်မာကဒါဖီ (Muammar Gaddafi) ပြုတ်ကျခဲ့သည့် ၂၀၁၁ ခုနှစ်မှစ၍ ပြည်တွင်းဆူပူမှုများ ဖြစ်ပေါ်ခဲ့ရကြောင်း သိရှိရပါသည်။

No comments:

Post a Comment