Anadolu Agency;Sep-6(Tue)
ဂရိနိုင်ငံအနေဖြင့် ၎င်းနိုင်ငံရှိ Western Thrace ဒေသတွင်နေထိုင်သော တူကီယဲ လူနည်းစုများ၏အခွင့်အရေးများနှင့် ဘာသာရေးခေါင်းဆောင်ရွေးချယ်တင်မြှောက် ပိုင်ခွင့်ကို လေးစားလိုက်နာရန်လိုကြောင်း တူကီယဲနိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာလ ၅ ရက်တွင် ထုတ်ပြန်ထားပါသည်။ ထို့ပြင် Western Thrace ဒေသတွင်နေထိုင်သော တူကီယဲလူနည်းစုများ၏အခွင့်အရေးကို အကာအကွယ်ပေးရေး ကတိကဝတ်များပါဝင်သည့် Lausanne ငြိမ်းချမ်းရေးသဘောတူစာချုပ်ကဲ့သို့သော နိုင်ငံတကာသဘောတူညီချက် များကို လေးစားလိုက်နာရန်နှင့် ဘာသာရေးခေါင်းဆောင်ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ ကိစ္စရပ်များတွင် ဖိအားပေးဆောင်ရွက်နေမှုများအား ရပ်တန့်ပေးရန် တူကီယဲနိုင်ငံခြားရေး ဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် တိုက်တွန်းရေးသားထားပါသည်။ တူကီယဲနိုင်ငံအနေဖြင့် ဂရိနိုင်ငံရှိ တူကီယဲလူနည်းစုများ၏ ရွေးချယ်ခြင်းခံရသည့် ဘာသာရေးခေါင်းဆောင်နှင့် ၎င်း၏အခွင့်အရေးများအပေါ် ရပ်တည်ပေးသွားမည်ဖြစ်ကြောင်းကိုလည်း ၎င်းထုတ်ပြန်ချက် တွင် ဖော်ပြထားပါသည်။
No comments:
Post a Comment