ဘူလ်ဂေးရီးယားနိုင်ငံအနေဖြင့် မြောက်မက်ဆီဒိုးနီးယားနိုင်ငံသို့ ဓာတ်ငွေ့ သိုလှောင်ရေးဝန်ဆောင်မှုများနှင့် စွမ်းအင်တင်ပို့မှုများ တိုးမြှင့်ဆောင်ရွက်သွားရန် သဘောတူညီခဲ့သည်ဟု ဘူလ်ဂေးရီးယားဝန်ကြီးချုပ် ဂလပ်ဒေါ့နက် (Galab Donev) က ပြောကြားခဲ့ကြောင်း Xinhua သတင်းဌာနက စက်တင်ဘာလ ၆ ရက်တွင် ဖော်ပြခဲ့ ပါသည်။ ဘူလ်ဂေးရီးယားနိုင်ငံသို့ တစ်ရက်ကြာ အလုပ်သဘောခရီးစဉ်အဖြစ်ရောက်ရှိ နေသည့် မြောက်မက်ဆီဒိုးနီးယားဝန်ကြီးချုပ် ဒီမီတာကိုဗာဆီဗ်စကီ (Dimitar Kovacevski) နှင့် တွေ့ဆုံဆွေးနွေးမှုအတွင်း ဂလပ်ဒေါ့နက်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါသဘောတူညီချက်သည် ၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်အထိ တည်ရှိနေမည်ဟု ဂလပ်ဒေါ့နက်က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment