Sunday, September 25, 2022

မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် တူကီယဲနိုင်ငံထုတ် မောင်းသူမဲ့လေယာဉ်များ ဝယ်ယူရန် စိတ်ဝင်စားလျက်ရှိခြင်း


Trend;Sep–27(Tue)

မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် တူကီယဲကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီ Baykar မှထုတ်လုပ်သည့် မောင်းသူမဲ့လေယာဉ်များဝယ်ယူရန် စိတ်ဝင်စားလျက် ရှိသည်ဟု တူကီယဲနိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူ (Mevlut Cavushoglu) က စက်တင်ဘာလ ၂၆ ရက်တွင် ပြောကြားခဲ့ပါသည်။ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး (Shinzo Abe) ၏ စျာပနအခမ်းအနားသို့တက်ရောက်ရန်အတွက် ဂျပန်သို့ရောက်ရှိနေစဉ် အတွင်း သတင်းထောက်များ၏မေးမြန်မှုအပေါ် ၎င်းက အထက်ပါအတိုင်း ဖြေကြား ခဲ့ခြင်းဖြစ်ပါသည်။ လက်ရှိအချိန်၌ အခြားသော အာရှနိုင်ငံများသည် တူကီယဲနိုင်ငံထုတ် မောင်းသူမဲ့လေယာဉ်များကို အထူးစိတ်ဝင်စားလျက်ရှိပြီး အထူးသဖြင့် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့က ၎င်းတို့၏စိတ်ဝင်စားမှုကို ပြသလျက်ရှိသည်ဟုလည်း ၎င်းက ပြောကြားခဲ့ပါသည်။ တူကီယဲနိုင်ငံထုတ် မောင်းသူမဲ့လေယာဉ်များသည် ကမ္ဘာပေါ်၌ အကောင်းဆုံးပထမတန်းစား မောင်းသူမဲ့လေယာဉ်များစာရင်း၌ ပါဝင်လျက်ရှိကြောင်း၊ လစ်ဗျားနိုင်ငံ၌ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များ၌လည်း တူကီယဲထုတ် မောင်းသူမဲ့လေယာဉ် များအသုံးပြု၍ ကျုးကျော်တိုက်ခိုက်မှုများအား တားဆီးနိုင်ခဲ့သည်ကို တွေ့ရှိရမည်ဖြစ် ကြောင်း၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုအပါအဝင် အခြားသောကာကွယ်ရေးဆိုင်ရာ ကဏ္ဍများ၌ ဂျပန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဆောင်ရွက်လိုကြောင်းလည်း ကာဗူဆိုဂလူက ပြောကြားခဲ့ပါသည်။

တူကီယဲအနေဖြင့် မောင်းသူမဲ့လေယာဉ်များနှင့်ပတ်သက်၍ မည်သည့်နိုင်ငံကိုမျှ ယှဉ်ပြိုင်ခြင်းမရှိဘဲ ၎င်းနိုင်ငံထုတ် မောင်းသူမဲ့လေယာဉ်များ၏ နည်းပညာတိုးတက်ရေး အတွက်သာ လုပ်ဆောင်လျက်ရှိသော်လည်း ကမ္ဘာပေါ်၌ ၎င်းတို့၏မောင်းသူမဲ့လေယာဉ် များကဲ့သို့ စွမ်းဆောင်ရည်ရှိသည်ဟု ကျော်ကြားသည့် မောင်းသူမဲ့လေယာဉ်များမရှိ သေးကြောင်းလည်း ကာဗူဆိုဂလူက ပြောကြားခဲ့ပါသည်။ ၎င်းနိုင်ငံထုတ် မောင်းသူမဲ့ လေယာဉ်များ၏ အောင်မြင်မှုနှင့်ပတ်သက်၍ အကျော်ကြားဆုံးကိစ္စရပ်မှာ ယူကရိန်း ပဋိပက္ခ၌ စွမ်းဆောင်နိုင်ခဲ့မှုဖြစ်ကြောင်း၊ တူကီယဲကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီများအနေဖြင့် အရည်အသွေးမြင့် ကာကွယ်ရေးပစ္စည်းများကိုသာ ထုတ်လုပ် လျက်ရှိသည်ဟုလည်း ၎င်းက ပြောကြားခဲ့ပါသည်။ တူကီယဲနိုင်ငံထုတ် TB2 မောင်းသူမဲ့ လေယာဉ်များသည် ယူကရိန်းပဋိပက္ခအတွင်း ရုရှား၏စစ်ဆင်မှုများကို ဟန့်တားရာ၌ အထောက်အပံ့ဖြစ်စေခဲ့သည်ဟုလည်း ယူကရိန်းနိုင်ငံက ပြောကြားထားရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment