ယူကရိန်းနိုင်ငံသည် Khmelnitskaya နျူကလီးယားဓာတ်အားပေးစက်ရုံမှတစ်ဆင့် ပိုလန်နိုင်ငံသို့ လျှပ်စစ်ဓာတ်အား စတင်ဖြန့်ဖြူးပေးရန် စီစဉ်ထားသည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီး (Volodymyr Zelensky) က စက်တင်ဘာလ ၁၀ ရက်တွင် ပြောကြား ခဲ့ပါသည်။ ထို့ပြင် Khmelnitskaya စက်ရုံမှ ပိုလန်နိုင်ငံ၊ ရစ်ဇော (Rzeszow) မြို့သို့ ဆက်သွယ်ပေးထားသည့် လျှပ်စစ်ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင်မှုကို အရှိန်မြှင့်တင် ဆောင်ရွက်ရန် ညွှန်ကြားထားပြီး အဆိုပါပြန်လည်ပြုပြင်မှုသည် လာမည့်ဒီဇင်ဘာလတွင် အပြီးသတ်ဆောင်ရွက်မည်ဖြစ်သည့်အတွက် ပိုလန်နိုင်ငံမှ လိုအပ်လျက်ရှိသော လျှပ်စစ် ဓာတ်အားပမာဏကို ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါ သည်။ လျှပ်စစ်ဓာတ်အားဖြန့်ဖြူရေးနှင့်ပတ်သက်၍ နိုင်ငံတကာဆုံးဖြတ်ချက်များကို ၎င်းတို့နိုင်ငံအနေဖြင့် လိုက်နာဆောင်ရွက်လျက်ရှိသည်ဟု သမ္မတဇီလန်စကီးက ပြောကြား ခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment