Sunday, September 11, 2022

ရုရှား-ယူကရိန်းပဋိပက္ခတွင် ဥရောပသမဂ္ဂသည် အရှုံးသမားသာဖြစ်နေကြောင်း ဟန်ဂေရီအမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြောကြားခဲ့ခြင်း

Tass;Sep-12(Mon)

ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခနှင့်ပတ်သက်၍ ဥရောပသမဂ္ဂ၏ ဆောင်ရွက်ချက် များသည် ၎င်း၏ကိုယ်ပိုင်အကျိုးစီးပွားကို ဆန့်ကျင်လျက်ရှိခြင်းကြောင့် အရှုံးသမား အဖြစ်သာသတ်မှတ်နိုင်ကြောင်း ဟန်ဂေရီအမျိုးသားလွှတ်တော်ဥက္ကဋ္ဌ လက်စ်ဇ်လိုကိုဗာ (Laszlo Kover) က စက်တင်ဘာလ ၁၁ ရက်တွင် ပြောကြားခဲ့ပါသည်။ ဥရောပသမဂ္ဂ သည် ပြင်ပဖိအားများအောက်တွင်ရှိနေပြီး ငြိမ်းချမ်းရေးကို သံတမန်နည်းဖြင့် ပြန်လည် တည်ဆောက်နိုင်စွမ်းမရှိကြောင်းနှင့် ၎င်း၏အခြေခံစီးပွားရေး အကျိုးစီးပွားကိုသွေဖည်၍ စစ်ဆင်ရေးများတွင် တိုက်ရိုက်ပါဝင်ပတ်သက်နေခြင်းသည် နှစ်ဖက်စလုံးအတွက် အရှုံး များသာဖြစ်စေနိုင်ကြောင်းလည်း ကိုဗာ၏ ပြောကြားချက်ကို ကိုးကား၍ ဟန်ဂေရီနိုင်ငံပိုင် MTI သတင်းဌာနက ဖော်ပြခဲ့ပါသည်။

လက်ရှိဖြစ်ပေါ်နေသည့်အခြေအနေများ၌ ဥရောပသမဂ္ဂသည် ဥရောပမဟုတ် သောအဖွဲ့များ၏ အကျိုးစီးပွားများကိုလုပ်ဆောင်နေပြီး ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးနှင့် စွမ်းအင်ကဏ္ဍတို့ကို မတည်မငြိမ်ဖြစ်စေရန်နှင့် လူမှုအသိုင်းအဝိုင်းအားပြိုကွဲစေရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်းလည်း ကိုဗာက ပြောကြားခဲ့ပါသည်။ ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) သည် ဒွန်းဘတ်စ် (Donbass) ဒေသ ခေါင်းဆောင်များ၏ အကူအညီတောင်းခံမှုအရ ဖေဖော်ဝါရီလ ၂၄ ရက်တွင် ယူကရိန်းနိုင်ငံ၌ အထူးစစ်ဆင်ရေးတစ်ရပ်ကို စတင်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါစစ်ဆင်ရေးအား တုံ့ပြန်သည့်အနေဖြင့် အနောက်နိုင်ငံများသည် ရုရှားနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူပိတ်ဆို့မှုများ ပိုမိုလုပ်ဆောင်ခဲ့ကြသည့်အပြင် ယူကရိန်းနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများနှင့် ကာကွယ်ရေးဆိုင်ရာ အထောက်အပံ့ပစ္စည်းများကိုလည်း ပေးပို့ခဲ့ကြပါသည်။ အဆိုပါ စစ်ရေးထောက်ပံ့ကူညီမှုတန်ဖိုးများသည် လက်ရှိအချိန်အထိ အမေရိကန်ဒေါ်လာဘီလီယံ ဆယ်ဂဏန်းခန့်အထိရှိနေကြောင်း သိရှိရပါသည်။

သုံးသပ်ချက် ဟန်ဂေရီနိုင်ငံသည် ရုရှား-ယူကရိန်းပဋိပက္ခနှင့်ပတ်သက်၍ ရုရှားနိုင်ငံအပေါ် ဥရောပသမဂ္ဂ၏ အရေးယူပိတ်ဆို့မှုချမှတ်ရာတွင် အခြားသောဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများကဲ့သို့ ထောက်ခံမှုမရှိဘဲ ရုရှားနိုင်ငံနှင့် ချစ်ကြည်ရင်းနှီးစွာဆက်ဆံလျက်ရှိပါ သည်။ ထိုကဲ့သို့ဆောင်ရွက်ရခြင်းမှာ ဟန်ဂေရီသည် ရုရှားနိုင်ငံ၏ စွမ်းအင်နှင့် သဘာဝ ဓာတ်ငွေ့များအပေါ်တွင် လုံးလုံးလျားလျားမှီခိုနေရသည့်အတွက်ဖြစ်ပြီး နိုင်ငံ၏ စီးပွား ရေးကို ဆိုးရွားသည့် သက်ရောက်မှုများမရှိစေရေးအတွက်လည်းဖြစ်ပါသည်။ လက်ရှိ ဖြစ်ပေါ်နေသည့်အခြေအနေများ၌ ဥရောပသမဂ္ဂသည် ဥရောပမဟုတ်သောနိုင်ငံများ၏ အကျိုးစီးပွားများကိုလုပ်ဆောင်နေပြီး ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးနှင့် စွမ်းအင်ကဏ္ဍတို့ကို မတည်မငြိမ်ဖြစ်စေရန်နှင့် လူမှုရေးအရပြိုကွဲစေရန် ဖျက်ဆီးနေသည့်အတွက် ဥရောပသမဂ္ဂ၏ ဆောင်ရွက်ချက်များသည် အရှုံးများနှင့်သာ ရင်ဆိုင်ရနိုင်မည်ဟု ဟန်ဂေရီနိုင်ငံဘက်က ထောက်ပြပြောဆိုမှုများရှိနေပါသည်။ ထို့ပြင် ဥရောပသမဂ္ဂသည် ပြင်ပဖိအားများအောက်၌ရှိနေပြီး ၎င်း၏ အခြေခံစီးပွားရေးအကျိုး စီးပွားကိုဆန့်ကျင်လျက် စစ်ဆင်ရေးများတွင် တိုက်ရိုက်ပါဝင်ပတ်သက်နေခြင်းသည် နှစ်ဦးနှစ်ဖက်လုံးအတွက်လည်း အရှုံးများသာဖြစ်စေနိုင်ပါသည်။ ဟန်ဂေရီနိုင်ငံသည် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သော်လည်း ရုရှားနိုင်ငံအပေါ် ဥရောပသမဂ္ဂ၏ အရေးယူပိတ်ဆို့မှုများကိုလျစ်လျူရှုကာ နိုင်ငံအတွင်း စွမ်းအင်လုံလောက်စွာရရှိရေးသာ ဦးစားပေးအဖြစ်သတ်မှတ်၍ ဆောင်ရွက်နေပြီး ဥရောပသမဂ္ဂ၏အရေးယူပိတ်ဆို့မှုများ ကိုလည်း ပြစ်တင်ဝေဖန်သည့် နိုင်ငံတစ်ခုအဖြစ်ရှိနေကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ဟန်ဂေရီနိုင်ငံ၏ အထက်ပါပြောကြားချက်များသည် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ အကြား စည်းလုံးညီညွတ်မှုလျော့ကျစေနိုင်ပြီး အငြင်းပွားမှုများဖြစ်ပေါ်လာစေမည်ဖြစ် ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:

Post a Comment