Wednesday, September 7, 2022

အယ်လ်ဘေးနီးယားနိုင်ငံအပေါ် အီရန်နိုင်ငံ၏ ဆိုက်ဘာတိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ အမေရိကန်က ရှုတ်ချပြောဆိုခဲ့ခြင်း

 

Anadolu Agency; Sep-7(Wed)

              NATO အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သော အယ်လ်ဘေးနီးယားနိုင်ငံအပေါ် အီရန် နိုင်ငံ၏ ဆိုက်ဘာတိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ ပြင်းပြင်းထန်ထန်ဝေဖန်ရှုတ်ချခဲ့ကြောင်းနှင့် အီရန်အပေါ် နောက်ထပ်အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူ အေထရီအန်ဝပ်ဆွန်း (Adrienne Watson) က စက်တင်ဘာလ ရက်တွင် ပြောကြားခဲ့ပါသည်။

သုံးသပ်ချက်

              ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်တွင် ဖြစ်ပေါ်ခဲ့သော အယ်လ်ဘေးနီးယားအစိုးရ ဌာနများနှင့် ပြည်သူဝန်ဆောင်မှုကဏ္ဍတို့ကို ပစ်မှတ်ထားသည့် ဆိုက်ဘာတိုက်ခိုက်မှုကို အီရန်နိုင်ငံက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီးနောက် အီရန်နိုင်ငံနှင့် သံတမန်ဆက်ဆံရေး ဖြတ်တောက်သွားမည်ဖြစ်ကြောင်း အယ်လ်ဘေးနီးယားအစိုးရက စက်တင်ဘာလ ရက်တွင် ဆုံးဖြတ်ခဲ့ပါသည်။ ထို့ကြောင့် အမေရိကန်အမျိုးသား လုံခြုံရေးကောင်စီ၏ အထက်ပါထုတ်ပြန်ချက်ထွက်ပေါ်ခဲ့ခြင်းဖြစ်ပါသည်။ အီရန်နိုင်ငံ၏ NATO အဖွဲ့ဝင်အယ်လ်ဘေးနီးယားနိုင်ငံကိုပြုလုပ်ခဲ့သည့် အဆိုပါဆိုက်ဘာတိုက်ခိုက်မှု နှင့်စပ်လျဉ်း၍ အမေရိကန်နိုင်ငံက ပြင်းပြင်းထန်ထန်ရှုတ်ချလျက်ရှိသည်ကို တွေ့ရှိရ ပါသည်။ လတ်တလောဖော်ဆောင်လျက်ရှိသည့် အီရန်နျူကလီးယားသဘောတူစာချုပ် ပြန်လည်အသက်သွင်းရေးနှင့်စပ်လျဉ်း၍လည်း အမေရိကန်နှင့် အီရန်နိုင်ငံတို့အကြား သိသာထင်ရှားသည့် တိုးတက်မှုမရှိဘဲ လိပ်ခဲတည်းလည်းအခြေအနေ၌သာ ရောက်ရှိနေပြီး နှစ်ဖက်အပြန်အလှန်စွပ်စွဲမှုများ ဖြစ်ပေါ်လျက်ရှိပါသည်။ အီရန်၏ NATO အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအပေါ် ဆိုက်ဘာတိုက်ခိုက်ခဲ့မှုသည် အဖွဲ့ဝင်နိုင်ငံအားလုံးကို ရန်စသည့်လုပ်ရပ် တစ်ခုဖြစ်သောကြောင့် အမေရိကန်ဦးဆောင်သည့် အနောက်အုပ်စုနှင့် အီရန်နိုင်ငံတို့အကြား ရှိရင်းစွဲတင်းမာမှုများကို ပိုမိုဆိုးရွားသွားနိုင်ဖွယ်ရှိပါသည်။ ထို့ပြင် အယ်လ်ဘေးနီးယား နိုင်ငံအပေါ် ပြုလုပ်ခဲ့သည့် အီရန်၏ ဆိုက်ဘာတိုက်ခိုက်မှုသည် စုပေါင်းကာကွယ်ရေး မဟာမိတ်အဖွဲ့ကြီးဖြစ်သည့် NATO အဖွဲ့၏ ဆိုက်ဘာလုံခြုံရေးကဏ္ဍချို့ယွင်းမှုကို ထင်ဟတ်စေကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:

Post a Comment