Reuters; Sep-4(Sun)
ချက်သမ္မတနိုင်ငံ၏ လက်ရှိညွန့်ပေါင်းအစိုးရအနေဖြင့် တစ်ရှိန်ထိုးမြှင့်တက် လာသည့် စွမ်းအင်ဈေးနှုန်းကို ပိုမိုထိန်းချုပ်ပေးရန်နှင့် ဥရောပသမဂ္ဂနှင့် NATO တို့အား ကန့်ကွက်ကြောင်းကို ထုတ်ဖော်သည့်အနေဖြင့် ချက်ပြည်သူ ၇၀,၀၀၀ ခန့်သည် မြို့တော် ပရာ့ဂ် (Prague) မြို့ရှိ Wenceslas ရင်ပြင်တွင် စက်တင်ဘာလ ၃ ရက်က ဆန္ဒပြခဲ့ ကြပါသည်။ အဆိုပါဆန္ဒပြပွဲကို ကွန်မြူနစ်ပါတီအပါအဝင် လက်ယာစွန်းနိုင်ငံရေးအဖွဲ့ အစည်းများမှ ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဥရောပဗဟိုနိုင်ငံဖြစ်သော ချက်သမ္မတနိုင်ငံ အနေဖြင့် ယူကရိန်းပဋိပက္ခအတွင်း စစ်ဘက်ဆိုင်ရာကိစ္စရပ်များ၌ ကြားနေဆောင်ရွက် သင့်ပြီး ရုရှားနိုင်ငံအပါအဝင် သဘာဝဓာတ်ငွေ့ရောင်းချသည့်နိုင်ငံများနှင့် ဝယ်ယူရေး စာချုပ်များအား တိုက်ရိုက်ချုပ်ဆိုသင့်သည်ဟု အဆိုပါနိုင်ငံရေးအင်အားစုက ပြောကြား ခဲ့ပါသည်။
ဆန္ဒပြသူများက အစိုးရအနေဖြင့် လျှပ်စစ်နှင့် သဘာဝဓာတ်ငွေ့ဈေးနှုန်းများ မြင့်တက်လာမှုကို ဖြေရှင်းပေးရန် အဓိကတောင်းဆိုခြင်းဖြစ်ပြီး ထိုသို့မဆောင်ရွက် နိုင်လျှင် ယခုနှစ်ဆောင်းဦးရာသီတွင် နိုင်ငံအတွင်းစီးပွားရေးဆုံးရှုံးမှုများဖြင့် ရင်ဆိုင် ရမည်ဖြစ်ကြောင်း ဆန္ဒပြပွဲဖြစ်မြောက်ရေး ပူးတွဲစီစဉ်သူ ဂျီရီဟာဗယ် (Jiri Havel) က ပြောကြားခဲ့ပါသည်။ လက်ရှိညွန့်ပေါင်းအစိုးရဝန်ကြီးချုပ် ပီတာဖီရာလာ (Petr Fiala) က ဆန္ဒပြသူများသည့် နိုင်ငံကောင်းရာကောင်းကျိုးအတွက် ၎င်းတို့နှလုံးသားထဲတွင် မရှိကြောင်း၊ ၎င်းတို့သည် ရုရှားအား ထောက်ခံသူများသာဖြစ်ပြီး အစွန်းရောက်များသာ ဖြစ်ကြောင်း CTK သတင်းဌာနသို့ စက်တင်ဘာလ ၃ ရက်တွင် ပြောကြားခဲ့ပါသည်။
No comments:
Post a Comment