Saturday, December 3, 2022

အီတလီကာကွယ်ရေးဝန်ကြီး ဂွီဒိုခရိုဆက်တို (Guido Crosetto) နှင့် တူကီယဲကာကွယ်ရေးဝန်ကြီး ဟူလူဆီအကာ (Hulusi Akar) တို့သည် ဒီဇင်ဘာလ ၁ ရက်တွင် ၎င်းတို့နှစ်နိုင်ငံအကြား ဒေသတွင်းကာကွယ်ရေးနှင့်လုံခြုံရေးကိစ္စရပ် များ၌ ပူးပေါင်းဆောင်ရွက်ရေးနှင့်ပတ်သက်၍ တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးခဲ့ကြ ကြောင်း Daily Sabah သတင်းဌာနက ဖော်ပြခဲ့ပါသည်။ နှစ်နိုင်ငံအကြား စစ်ဘက် ဆက်ဆံရေးနှင့်ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်ခြင်း အားဖြင့် တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် အီတလီဝန်ကြီးချုပ် ဂျော်ဂျာမယ်လိုနီ (Giorgia Meloni) တို့အကြား သဘောတူ ထားရှိသည့် မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးမူဘောင်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု ဟူလူဆီအကာက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

anadolu Agency; Dec-4 (Sun)

တူကီယဲသည် ၎င်း၏မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်မှုရှိသော်လည်း ဆီးရီးယားရှိ ၎င်း၏လုံခြုံရေးဆိုင်ရာဆောင်ရွက်မှုများအတွက် မည်သူတစ်ဦးတစ်ယောက်၏ ခွင့်ပြုချက်ကိုမျှမတောင်းခံခဲ့ကြောင်း တူကီယဲသမ္မတ၏ပြောရေးဆိုခွင့်ရှိသူ အီဘရာဟင် ကယ်လင် (Ibrahim Kalin) က ဒီဇင်ဘာလ ၄ ရက်တွင် Al Jazeera ရုပ်သံသတင်း ဌာနနှင့်ပြုလုပ်သည့် အင်တာဗျူးတစ်ခုအတွင်း ပြောကြားခဲ့ပါသည်။ ဆီးရီးယားနိုင်ငံ၏ နိုင်ငံရေးအခြေအနေသည် တူကီယဲနိုင်ငံအတွက်သာမက အီရတ်၊ ဂျော်ဒန်နှင့် ဥရောပ နိုင်ငံများအပါအဝင် အခြားသောနိုင်ငံများအတွက်လည်း ခြိမ်းခြောက်မှုနှင့် မသေချာ မရေရာမှုများရှိနေဆဲဖြစ်သည့် အရင်းအမြစ်တစ်ခုဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ ပါသည်။ ပြီးခဲ့သည့်လတွင် တူကီယဲသည် အီရတ်နှင့် ဆီးရီးယားနယ်စပ်တစ်လျှောက် တွင် တရားမဝင်ပုန်းအောင်းလျက်ရှိသည့် PKK/YPG အကြမ်းဖက်အဖွဲ့အား နှိမ်နင်းသည့် Claw-Sword လေကြောင်းစစ်ဆင်ရေးကို အီရတ်နှင့် ဆီးရီးယားမြောက်ပိုင်းတွင် စတင် ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ အကြမ်းဖက်အဖွဲ့သည် အစ္စတန်ဘူလ်ရှိ နာမည်ကြီး Istiklal ရိပ်သာလမ်း တွင် ဗုံးခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ လူ ၆ ဦး သေဆုံးခဲ့၍ ၈၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရက်ပိုင်းအကြာတွင် ၎င်းစစ်ဆင်ရေးကို စတင်ခဲ့ခြင်းဖြစ်ပါသည်။ တူကီယဲစစ်ဘက် အနေဖြင့် နိုဝင်ဘာလ ၂၀ ရက်တွင် လေကြောင်းစစ်ဆင်ရေးဆောင်ရွက်ခဲ့ပြီးနောက် သမ္မတ ရီဆက်တေ ရစ်အာဒိုဂန် (Recep Tayyip Erdogan) က အကြမ်းဖက် ခြိမ်းခြောက်မှုကိုချေမှုန်းရန် အီရတ်မြောက်ပိုင်းနှင့် ဆီးရီးယားမြောက်ပိုင်းတို့တွင် မြေပြင် စစ်ဆင်ရေးတစ်ခုပြုလုပ်သွားမည် ဟု အရိပ်အမြွက်ပြောကြားခဲ့ပါသည်။ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် တူကီယဲ၏ ကနဦးတုံ့ပြန်မှုသည် အကြမ်းဖက်အဖွဲ့အပေါ် လေကြောင်းစစ်ဆင်ရေးများစွာကို လုပ်ဆောင် ရန်ဖြစ်ကြောင်း အီဘရာဟင်ကယ်လင်က ရှင်းပြခဲ့ပါသည်။ အဆိုပါတိုက်ခိုက်မှု၏နောက်ကွယ် တွင် YPG/PYD အကြမ်းဖက်အဖွဲ့ ရှိသည်ကို တူကီယဲစစ်ဘက်အနေဖြင့် ရှင်းရှင်းလင်းလင်း သိထားကြောင်း ၎င်းက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

သုံးသပ်ချက်

တူကီယဲနိုင်ငံသည် နိုင်ငံ၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးနှင့် နယ်မြေ တည်တံ့ခိုင်မြဲရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ သို့ဖြစ်၍ တူကီယဲစစ်ဘက်သည် နိုင်ငံအေးချမ်းမှုကို အဖျက်အမှောင့်ပြုလုပ်သော YPG/ PYD အကြမ်းဖက်အဖွဲ့အား နှစ်ပေါင်းများစွာ နှိမ်နင်းမှုပြုလုပ်ခဲ့ပြီး လက်ရှိအချိန်တွင် လည်း စစ်ဆင်ရေးများပြုလုပ်၍ နှိမ်နင်းရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ YPG/ PYD အကြမ်းဖက်အဖွဲ့သည် နိုဝင်ဘာလ ၁၄ ရက်တွင် အစ္စတန်ဘူလ်ရှိ နာမည်ကြီး Istiklal ရိပ်သာလမ်း၌ ဗုံးခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ လူ ၆ ဦး သေဆုံးခဲ့၍ ၈၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ ထို့ကြောင့် တူကီယဲစစ်ဘက်အနေဖြင့် အီရတ်နှင့် ဆီးရီးယားနယ်စပ်တစ်လျှောက်တွင် တရားမဝင်ပုန်းအောင်းလျက်ရှိသည့် PKK/YPG အကြမ်းဖက်အဖွဲ့အား နှိမ်နင်းသည့် Claw-Sword လေကြောင်းစစ်ဆင်ရေး ကို နိုဝင်ဘာလ ၂၀ ရက်တွင် ဆောင်ရွက်ခဲ့ပြီး အလားတူစစ်ဆင်ရေးများကို ဆက်လက် လုပ်ဆောင်ရန် စီစဉ်ထားပါသည်။ ထို့ပြင် သမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် အကြမ်းဖက်ခြိမ်းခြောက်မှုကို ချေမှုန်းရန် အီရတ်မြောက်ပိုင်းနှင့် ဆီးရီးယားမြောက်ပိုင်းတို့တွင် မြေပြင်စစ်ဆင်ရေးတစ်ခုပြုလုပ်သွားမည်ဟု အရိပ်အမြွက် ပြောကြားခဲ့ပါသည်။ တူကီယဲသည် ၎င်းနိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ဆီးရီးယားရှိ PKK/YPG အကြမ်းဖက်အဖွဲ့အားနှိမ်နင်းရာတွင် မည်သူတစ်ဦးတစ်ယောက်၏ ခွင့်ပြုချက်ကိုမျှ မတောင်းခံခဲ့ကြောင်း တွေ့ရှိရပါသည်။ တူကီယဲအနေဖြင့် စစ်ဆင်ရေးပြုလုပ်သည့် အခါတိုင်းတွင် ယခုကဲ့သို့ပင် မည်သူတစ်ဦးတစ်ယောက်ထံမှ ခွင့်ပြုချက်မတောင်းခံပါ။ ထိုသို့ပြုလုပ်ခဲ့မှုများနှင့်ပတ်သက်၍ အခြားသောပြည်ပနိုင်ငံများ၏ ဖိအားပေးမှုများရှိခဲ့ သော်လည်း တူကီယဲအနေဖြင့် PKK/YPG အကြမ်းဖက်အဖွဲ့အပေါ် ၎င်း၏ နှိမ်နင်းရေး လုပ်ငန်းများအား နောက်သို့တွန့်ဆုတ်သွားခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင်ခဲ့ပါသည်။ ထို့ကြောင့် တူကီယဲသည်နိုင်ငံကိုကာကွယ်ရန်နှင့် နိုင်ငံ၏အကျိုးစီးပွားအတွက်ဆိုလျှင် အခြားသောပြည်ပနိုင်ငံများ၏ ဖိအားပေးမှုနှင့် ဝေဖန်ပြောကြားမှုများကို လျစ်လျူရှု၍ ၎င်း၏ လုပ်ငန်းစဉ်များအတိုင်းသာ ဆက်လက်ဆောင်ရွက်သွားနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:

Post a Comment