Altay
အမည်ရှိ ပထမဆုံးပြည်တွင်းထုတ် ပင်မတိုက်ပွဲဝင်တင့်ကားအား လာမည့်သီတင်းပတ် ၃ ပတ်တာကာလအတွင်း တူကီယဲလက်နက်ကိုင်တပ်ဖွဲ့များထံသို့
လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း တူကီယဲသမ္မတ
ရီဆတ်တေရစ်အာဒိုဂန် (Recep
Tayyip Erdogan) က ပြောကြားခဲ့သည်ဟု
Sputnik သတင်းဌာနက ဧပြီလ ၆ ရက်တွင် ဖော်ပြခဲ့ပါသည်။
အဆိုပါတင့်ကားထုတ်လုပ်ရေးစီမံကိန်းအား တူကီယဲကာကွယ်ရေး ဝန်ကြီးဌာနနှင့်
Otokar အမည်ရှိတူကီယဲယာဉ်ထုတ်လုပ်ရေးကုမ္ပဏီတို့အကြား ၂၀၁၇ ခုနှစ်တွင်
လက်မှတ်ရေးထိုးခဲ့သည့် သဘောတူစာချုပ်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။
Otokar ကုမ္ပဏီအနေဖြင့်လည်း တင့်ကားထုတ်လုပ်ရေး
ပိုင်းတွင် အတွေ့အကြုံမရှိခြင်းကြောင့်
တောင်ကိုရီးယားကုမ္ပဏီတစ်ခုဖြစ်သည့် Hyundai Rotem ကုမ္ပဏီနှင့် ပူးတွဲထုတ်လုပ်ရန် သဘောတူစာချုပ်
လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment