ဂရိဝန်ကြီးချုပ် ကရီယာကော့စ်မစ်ဆိုတားကစ် (Kyriakos Mitsotakis) က အထွေထွေရွေးကောက်ပွဲအား လာမည့် မေလ ၂၁ ရက်တွင် ကျင်းပပြုလုပ်နိုင်ရန်အတွက် လွှတ်တော်အားဖျက်သိမ်းပေးရန် ဧပြီလ ၂၂ ရက်တွင် တောင်းဆိုမှုပြုလုပ်ခဲ့ကြောင်း Xinhua သတင်းဌာနက ဧပြီလ၂၃ ရက်တွင် ဖော်ပြခဲ့ပါသည်။ မစ်ဆိုတားကစ်အနေဖြင့် သမ္မတ ကတ်တာရီနာဆက်ကယ်လာရိုပူလို (Katerina Sakellaropoulou) အား အထက်ပါအတိုင်း တရားဝင်တောင်းဆိုမှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းသတင်းဌာနက ဖော်ပြထားပါသည်။ သမ္မတ ဆက်ကယ်လာရိုပူလိုအနေဖြင့်လည်း လွှတ်တော်အား ဖျက်သိမ်းသည့်အမိန့်အား မကြာမီရက်အတွင်း ထုတ်ပြန်သွားနိုင်ဖွယ်ရှိကြောင်းလည်း ဂရိနိုင်ငံပိုင်သတင်းဌာနများ၏ ဖော်ပြချက်အရ သိရှိရပါသည်။
No comments:
Post a Comment