တူကီယဲ၊ ရုရှား၊ အီရန်နှင့်ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးများသည်
မေလ အစောပိုင်းတွင် ရုရှားနိုင်ငံ၊ မြို့တော် မော်စကို (Moscow) ၌ တွေ့ဆုံဆွေးနွေးမှုများ
ပြုလုပ်ရန်စီစဉ်လျက်ရှိကြောင်း တူကီယဲနိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူ
(Mevlut Cavusoglu) က ပြောကြားခဲ့သည်ဟု Anadolu Agency သတင်းဌာနက ဧပြီလ ၁၁ ရက်တွင်
ဖော်ပြခဲ့ပါသည်။ အဆိုပါကိစ္စရပ်နှင့်စပ်လျဉ်း၍ ကာဗူဆိုဂလူ သည် ပြီးခဲ့သည့်သီတင်းပတ်တွင်
တူကီယဲနိုင်ငံ၊ မြို့တော် အန်ကာရာ (Ankara) သို့ အလည်အပတ်ရောက်ရှိခဲ့သည့် ရုရှားနိုင်ငံခြားရေးဝန်ကြီး
ဆာဂျီလက်ဗ်ရော့ (sergey Lavrov) နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။ ၎င်းတို့၏တွေ့ဆုံဆွေးနွေးမှု
များသည် နိုင်ငံရေးလုပ်ငန်းစဉ်များ၊ ရေရှည်တည်တံ့သော တည်ငြိမ်အေးချမ်းရေး၊ အကြမ်းဖက်ဝါဒ
တိုက်ဖျက်ရေး၊ ဆီးရီးယားနယ်စပ်၌ နယ်မြေစိုးမိုးရေးအာမခံချက်များ စသည့်ကိစ္စရပ်များ
နှင့်ပတ်သတ်၍ ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း
ကာဗူဆိုဂလူက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment