ပိုလန်နိုင်ငံသည်
ယူကရိန်းနိုင်ငံသို့ MiG-29 တိုက်လေယာဉ်များအပြင် Rosomak သံချပ်ကာလူသယ်ယာဉ်များ၊
Piorun လေယာဉ်ဖျက်ဒုံးကျည်စနစ်များနှင့် Rak ယာဉ်တင်စိန်ပြောင်းစနစ်များကို လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း
ယူကရိန်း သမ္မတ ဗိုလိုဒီမာဇီလန်စကီး (Volodymyr Zelenskyy) က ပိုလန်ဝန်ကြီးချုပ်
မာတက်စ် မိုရာဝီခ်ကီ (Mateusz Morawieeki) နှင့် ပူးတွဲပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားခဲ့သည်ဟု NV သတင်းဌာနက ဧပြီလ ၆ ရက်တွင် ဖော်ပြခဲ့ပါသည်။ ယူကရိန်းနှင့် ပိုလန်တို့သည် လုံခြုံရေးဆိုင်ရာအကူအညီသစ်များ ပေးအပ်ရေးနှင့်
ပတ်သက်၍ သဘောတူညီမှု ရရှိခဲ့ကြောင်းနှင့် အဆိုပါသဘောတူညီချက်များတွင် နှစ်နိုင်ငံစစ်ဘက် ပူးပေါင်းဆောင်ရွက်မှုများလည်း ပါဝင်ကြောင်း
သမ္မတ ဇီလန်စကီးက ပြောကြားခဲ့ပါသည်။ ယူကရိန်းသမ္မတသည် ပိုလန်သမ္မတ အန်ဒရေးဒူဒါ
(Andrzej Duda) ၏ဖိတ်ကြားချက် အရ ဧပြီလ ၅ ရက်တွင် ပိုလန်နိုင်ငံသို့
သွားရောက်ခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment