ဂရိနိုင်ငံသည် ရွေးကောက်ပွဲအကြိုကာလကို ပါလီမန်ဖျက်သိမ်းခြင်းနှင့်အတူ
ဧပြီလ ၂၂ ရက်တွင် စတင်သွားမည်ဖြစ်ကြောင်း ဂရိဝန်ကြီးချုပ်
ကရီယာကော့စ်မစ်ဆိုတားကစ် (Kyriakos
Mitsotakis) က ပြောကြားခဲ့သည်ဟု Xinhua သတင်းဌာနက
ဧပြီလ ၂၀ ရက်တွင် ဖော်ပြခဲ့ပါသည်။ မစ်ဆိုတားကစ်အနေဖြင့် ဂရိနိုင်ငံ၊ Corfu ကျွန်းသို့ ရောက်ရှိစဉ် အတွင်း သတင်းစာရှင်းလင်းပွဲတစ်ခု၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါသည်။
ဂရိနိုင်ငံအနေဖြင့် အထွေထွေရွေးကောက်ပွဲအား ၂၀၂၃ ခုနှစ်၊ မေလ ၂၁ ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း
သိရှိရပါသည်။ လက်ရှိအာဏာရ ကွန်ဆာဗေးတစ် ဒီမိုကရေစီသစ်ပါတီသည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတွင် ရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့ပြီး မကြာသေးမီကာလတွင် လူထုသဘောထားစစ်တမ်းကောက်ယူချက်အရ ၎င်းပါတီမှ ဦးဆောင်လျက်ရှိပါသည်။
သို့ရာတွင် ဂရိရွေးကောက်ပွဲစနစ်၏
စည်းမျဉ်းများကြောင့် ပထမဆုံးမဲပေးမှုတွင် လွှတ်တော်အတွင်းအဓိကအင်အားစုတစ်ရပ်ရရှိရန်မှာ ခက်ခဲလိမ့် မည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူအများစုက ပြောကြားထားကြောင်း သိရှိရပါသည်။
No comments:
Post a Comment