စစ်လက်နက်ပစ္စည်းများနှင့်
စစ်ဘက်ဆိုင်ရာအသုံးအဆောင် အမြောက်အမြားအား ထားရှိနိုင်သည့်
သိုလှောင်ရုံတစ်လုံးအား ပိုလန်နိုင်ငံ၊ ပိုဝစ်ဇ် (Powidz) ကျေးရွာ၌ ဖွင့်လှစ်ထားပြီးဖြစ်ကြောင်းနှင့် အဆိုပါသိုလှောင်ရုံအား အမေရိကန်နှင့်
NATO အဖွဲ့တို့မှ ငွေကြေးထောက်ပံ့မှုများဖြင့်
တည်ဆောက်ခဲ့သည့် အကြီးမားဆုံးသိုလှောင်ရုံတစ်ခုဖြစ်ကြောင်း ပိုလန်ကာကွယ်ရေးဝန်ကြီးဌာနက
ဧပြီလ ၉ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ LTESM-C အမည်ရှိ
အဆိုပါသိုလှောင်ရုံအား အမေရိကန်တွင် တည်ဆောက်ထားသည့် သိုလှောင်ရုံ ပုံစံအတိုင်း တည်ဆောက်ထားခြင်းဖြစ်ပြီး တင့်ကားများ၊ တိုက်ခိုက်ရေးယာဉ်များ၊
အမြောက်များ၊ နည်းပညာသုံးလုံခြုံရေးယာဉ်များနှင့်
တံတားခင်းယာဉ်များအား သိုလှောင် ထားနိုင်ပါသည်။
သိုလှောင်ရုံတည်ဆောက်မှုအနေဖြင့် ၆ နှစ်ကြာတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အမေရိကန်ဒေါ်လာသန်း
၃၆၀ ကုန်ကျကြောင်း သိရှိရပါသည်။
No comments:
Post a Comment