မော်လ်ဒိုဗာနိုင်ငံအနေဖြင့်
ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခကို
နမူနာယူ၍ ၎င်းတို့၏စစ်ဘက်အား ခေတ်မီတပ်မတော်တစ်ရပ်အဖြစ် အဆင့်မြှင့်တင်ရန်
အမေရိကန် ဒေါ်လာ ၂၇၅ သန်းခန့်လိုအပ်လျက်ရှိကြောင်း မော်လ်ဒိုဗာကာကွယ်ရေးဝန်ကြီးဌာနရှိ
အမျိုးသားစစ်ဘက်ပြုပြင်ပြောင်းလဲရေးနှင့်ကာကွယ်ရေးမူဝါဒဆိုင်ရာ
ညွှန်ကြားရေးမှူး ဘလဲရီယူမီဂျာ (Valeriu Mija) က ထုတ်ဖော်ပြောကြားခဲ့သည်ဟု Reuters သတင်းဌာနက ဧပြီလ
၁၃ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ ဘလဲရီယူမီဂျာအနေဖြင့် မြို့တော် ခေစ်ရှီနော့ (Chisinau) တွင်ပြုလုပ်သည့်
အမျိုးသားလုံခြုံရေးဆိုင်ရာဖိုရမ်တွင် အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ မော်လ်ဒိုဗာနိုင်ငံသည်
ကြားနေဝါဒကျင့်သုံးသော ၎င်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ NATO အဖွဲ့သို့ ဝင်ရောက်မည် မဟုတ်သော်လည်း ဥရောပသမဂ္ဂ (EU) သို့ ဝင်ရောက်ရန် ကြိုးပမ်းလျက်ရှိသော
ဆိုဗီယက်နိုင်ငံဟောင်း တစ်နိုင်ငံဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment