Altay အမည်ရှိ ပထမဆုံးပြည်တွင်းထုတ် ပင်မတိုက်ပွဲဝင်တင့်ကားအား လာမည့်သီတင်းပတ် ၃ ပတ်တာကာလအတွင်း တူကီယဲလက်နက်ကိုင်တပ်ဖွဲ့များထံသို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း တူကီယဲသမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ပြောကြားခဲ့သည်ဟု Sputnik သတင်းဌာနက ဧပြီလ ၆ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါတင့်ကားထုတ်လုပ်ရေးစီမံကိန်းအား တူကီယဲကာကွယ်ရေး ဝန်ကြီးဌာနနှင့် Otokar အမည်ရှိတူကီယဲယာဉ်ထုတ်လုပ်ရေးကုမ္ပဏီတို့အကြား ၂၀၁၇ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည့် သဘောတူစာချုပ်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ Otokar ကုမ္ပဏီအနေဖြင့်လည်း တင့်ကားထုတ်လုပ်ရေး ပိုင်းတွင် အတွေ့အကြုံမရှိခြင်းကြောင့် တောင်ကိုရီးယားကုမ္ပဏီတစ်ခုဖြစ်သည့် Hyundai Rotem ကုမ္ပဏီနှင့် ပူးတွဲထုတ်လုပ်ရန် သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment