တူကီယဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြီးခဲ့သည့် ၄ ရက်တာကာလအတွင်း ဆီးရီးယား နှင့်
အီရတ်နိုင်ငံမြောက်ပိုင်းတွင် ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးများ၌ အကြမ်းဖက်သမား ၂၁
ဦးကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း တူကီယဲကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး
ဟူလူဆီအကာ (Hulusi Akar) က ဧပြီလ ၂၂ ရက်တွင်ပြောကြားခဲ့သည်ဟု Xinha သတင်းဌာနက ဧပြီလ ၂၃ ရက်တွင် ဖော်ပြခဲ့ပါသည်။
တူကီယဲနိုင်ငံ၏ နယ်စပ်ဒေသနှင့် နိုင်ငံသားများ၏ လုံခြုံရေးအား
အာမခံချက်ပေးနိုင်သည်အထိ အကြမ်းဖက်သမားများအား ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဟူလူဆီအကာက ပြောကြားထားပါသည်။ ထို့ပြင် ၎င်းတို့နိုင်ငံက
အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ထားသည့် PKK အကြမ်းဖက်အဖွဲ့ သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်
အတားအဆီးတစ်ခုသဖွယ်ဖြစ်လျက်ရှိကြောင်း နှင့် ၎င်းအကြမ်းဖက်အဖွဲ့အား
အမြစ်ဖြတ်ချေမှုန်းနိုင်သည်အထိ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဟု ဟူလူဆီအကာက
ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment