Sunday, April 9, 2023

စစ်လက်နက်ပစ္စည်းများနှင့် စစ်ဘက်ဆိုင်ရာအသုံးအဆောင် အမြောက်အမြားအား ထားရှိနိုင်သည့် သိုလှောင်ရုံတစ်လုံးအား ပိုလန်နိုင်ငံ၊ ပိုဝစ်ဇ် (Powidz) ကျေးရွာ၌ ဖွင့်လှစ်ထားခြင်း

စစ်လက်နက်ပစ္စည်းများနှင့် စစ်ဘက်ဆိုင်ရာအသုံးအဆောင် အမြောက်အမြားအား ထားရှိနိုင်သည့် သိုလှောင်ရုံတစ်လုံးအား ပိုလန်နိုင်ငံ၊ ပိုဝစ်ဇ် (Powidz) ကျေးရွာ၌ ဖွင့်လှစ်ထားပြီးဖြစ်ကြောင်းနှင့် အဆိုပါသိုလှောင်ရုံအား အမေရိကန်နှင့် NATO အဖွဲ့တို့မှ ငွေကြေးထောက်ပံ့မှုများဖြင့် တည်ဆောက်ခဲ့သည့် အကြီးမားဆုံးသိုလှောင်ရုံတစ်ခုဖြစ်ကြောင်း ပိုလန်ကာကွယ်ရေးဝန်ကြီးဌာနက ဧပြီလ ၉ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ LTESM-C အမည်ရှိ အဆိုပါသိုလှောင်ရုံအား အမေရိကန်တွင် တည်ဆောက်ထားသည့် သိုလှောင်ရုံ ပုံစံအတိုင်း တည်ဆောက်ထားခြင်းဖြစ်ပြီး တင့်ကားများ၊ တိုက်ခိုက်ရေးယာဉ်များ၊ အမြောက်များ၊ နည်းပညာသုံးလုံခြုံရေးယာဉ်များနှင့် တံတားခင်းယာဉ်များအား သိုလှောင် ထားနိုင်ပါသည်။ သိုလှောင်ရုံတည်ဆောက်မှုအနေဖြင့် ၆ နှစ်ကြာတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အမေရိကန်ဒေါ်လာသန်း ၃၆၀ ကုန်ကျကြောင်း သိရှိရပါသည်။

No comments:

Post a Comment