Thursday, July 20, 2023

တူကီယဲသမ္မတသည် လာမည့်သီတင်းပတ်တွင် အစ္စရေးနှင့် ပါလက်စတိုင်းသမ္မတတို့ကို သီးခြားစီတွေ့ဆုံသွားမည်ဆိုခြင်း

Xinhua; Jul-21(Fri)

တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် လာမည့်သီတင်းပတ်တွင် ပါလက်စတိုင်းသမ္မတ မာမွတ်အာ့ဘ်ဘာ့စ် (Mahmoud Abbas) နှင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု (Benjamin Netanyahu) တို့ကို သီးခြားစီလက်ခံတွေ့ဆုံသွားမည်ဖြစ်ကြောင်း တူကီယဲသမ္မတရုံးက ဇူလိုင်လ ၂၀ ရက်တွင် ကြေညာခဲ့ပါသည်။ ပါလက်စတိုင်းသမ္မတသည် ဇူလိုင်လ ၂၅ ရက်တွင် တူကီယဲနိုင်ငံသို့ လာရောက်မည်ဖြစ်ပြီး တူကီယဲသမ္မတနှင့် တွေ့ဆုံသွားမည်ဖြစ်ပါသည်။ တွေ့ဆုံမှုအတွင်း ၎င်းတို့အနေဖြင့် တူကီယဲ-ပါလက်စတိုင်းဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု၊ အစ္စရေး-ပါလက်စတိုင်းပဋိပက္ခ၏ အခြေအနေများနှင့် အခြားသော ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များကို ဆွေးနွေးကြမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

အလားတူ သမ္မတ အာဒိုဂန်သည် ဇူလိုင်လ ၂၈ ရက်တွင် အစ္စရေးဝန်ကြီးချုပ်အား လက်ခံတွေ့ဆုံသွားမည်ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ကိစ္စရပ်များကိုဆွေးနွေးသွားမည်ဖြစ်ပါသည်။ ၂၀၁၀ ပြည့်နှစ်တွင် အစ္စရေး၏ ဂါဇာ ကမ်းမြောင်ဒေသ၌ ပိတ်ဆို့ထားမှုကိုဖယ်ရှားရန် တူကီယဲဦးဆောင်သော ရေယာဉ်အုပ်စုနှင့် အစ္စရေးတပ်ဖွဲ့များအကြား ထိပ်တိုက်တွေ့ဆုံမှုများဖြစ်ပွားခဲ့ရာ တူကီယဲတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့ပြီးနောက် နှစ်နိုင်ငံဆက်ဆံရေးတင်းမာလာခဲ့ပါသည်။ ထို့ပြင် ၂၀၁၈ ခုနှစ်တွင် ဂျေရုဆလင်၌ အမေရိကန်သံရုံးဖွင့်လှစ်ခြင်းကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများအတွင်း ပါလက်စတိုင်း ၆၀ ဦးခန့်အသတ်ခံရမှုနှင့်ပတ်သက်၍လည်း နှစ်နိုင်ငံသံတမန်များကို အပြန်အလှန်နှင်ထုတ်ခဲ့ကြပါသည်။ သို့သော် တူကီယဲနှင့် အစ္စရေးတို့သည် မကြာသေးမီ နှစ်များအတွင်း ၎င်းတို့၏ဆက်ဆံရေးကို ပြန်လည်ပြင်ဆင်ရန် ကြိုးပမ်းမှုများ အရှိန်မြှင့် လုပ်ဆောင်ခဲ့ကြပြီး ၂၀၂၂ ခုနှစ်တွင် အစ္စရေးသမ္မတ အိုင်ဆက်ဟာဇော့ (Issac Herzog) ၏ တူကီယဲနိုင်ငံသို့ လာရောက်လည်ပတ်မှုသည် နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်ပြန်လည် ထူထောင်ရေးအတွက် အဓိကခြေလှမ်းတစ်ရပ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment