Saturday, July 8, 2023
ဂရိနိုင်ငံအနေဖြင့် စစ်လက်နက်ပစ္စည်းတိုးမြှင့်ဝယ်ယူသွားမည်ဆိုခြင်း
ဂရိနိုင်ငံအနေဖြင့် ၎င်းနိုင်ငံ၏ ကာကွယ်ရေးစွမ်းအားကို မြှင့်တင်နိုင်ရေးအတွက် လာမည့် ၄ နှစ်တာကာလအတွင်း စစ်လက်နက်ပစ္စည်းဝယ်ယူရာတွင် အမေရိကန်ဒေါ်လာ ၁၂.၆၂ ဘီလီယံသုံးစွဲသွားရန် ခန့်မှန်းထားကြောင်း ဂရိကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် ခဲ့သည်ဟု Anadolu Agency သတင်းဌာနက ဇူလိုင်လ ၉ ရက်တွင် ရေးသားဖော်ပြခဲ့ ပါသည်။ ဂရိအနေဖြင့် တူကီယဲနိုင်ငံနှင့် နှစ်နိုင်ငံဆက်ဆံရေးပြန်လည်ကောင်းမွန်စေရေး အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိစဉ် အထက်ပါအတိုင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။ ဂရိစစ်ဘက်အနေဖြင့် F-16 တိုက်လေယာဉ်များ အဆင့်မြှင့်တင်ခြင်းနှင့် F-35 တိုက်လေယာဉ် များဝယ်ယူရန်အပါအဝင် လာမည့် ၄ နှစ်တာကာလအတွင်း စစ်လက်နက်ပစ္စည်း ဝယ်ယူမှုအကြီးစား ၁၉ ခုကို မှာယူရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်း ဂရိစစ်ဘက်၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။
Labels:
ဂရိ,
စစ်လက်နက်ပစ္စည်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment