Monday, July 3, 2023

ပိုလန်သမ္မတသည် လစ်သူရေးနီးယား နိုင်ငံသို့သွားရောက်ဖွယ်ရှိခြင်း

    ပိုလန်သမ္မတ အန်ဒရေးဒူဒါ (Andrzej Duda) နှင့် ၎င်း၏ဇနီးတို့သည် လစ်သူရေးနီးယား နိုင်ငံသို့ ဇူလိုင်လ ၅ ရက်မှ ၇ ရက်အထိ လာရောက်လည်ပတ်ဖွယ်ရှိကြောင်း လစ်သူရေးနီးယား သမ္မတရုံးက ထုတ်ပြန်ခဲ့သည်ဟု LRT သတင်းဌာနက ဇူလိုင်လ ၄ ရက်တွင် ဖော်ပြခဲ့ ပါသည်။ အဆိုပါခရီးစဉ်အတွင်း အန်ဒရေးဒူဒါသည် လစ်သူရေးနီးယားသမ္မတ ဂီတာနတ်စ် နော့စီဒါ (Gitanas Nauseda) နှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပါသည်။ ထို့ပြင် သမ္မတ နှစ်ဉီးသည် လစ်သူရေးနီးယားနှင့် ပိုလန်အထူးတပ်ဖွဲ့များ၏ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းကို ကြည့်ရှုရန်အတွက် လစ်သူရေးနီးယားနိုင်ငံ၊ ကလိုင်းပဒါး (Klaipėda) မြို့သို့လည်း သွားရောက် မည်ဟု သိရှိရပါသည်။

No comments:

Post a Comment