Wednesday, July 5, 2023

အမေရိကန်အနေဖြင့် ဆွီဒင်နိုင်ငံ၏ NATO အဖွဲ့ဝင်ဖြစ်ရေးကြိုးပမ်းမှုများကို အပြည့်အဝထောက်ခံသွားမည်ဖြစ်ခြင်း

Anadolu Agency; July-6(Thu)

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် (Joe Biden) သည် ဆွီဒင်ဝန်ကြီးချုပ် အူဖ်ခရစ် တာဆန် (UIF Kristersson) အား အိမ်ဖြူတော်၌ လက်ခံတွေ့ဆုံခဲ့စဉ် ၎င်းအနေဖြင့် ဆွီဒင်နိုင်ငံ၏ NATO အဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းမှုများကို အပြည့်အဝထောက်ခံသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု Anadolu Agency သတင်းဌာနက ဇူလိုင်လ ၆ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဆွီဒင်နိုင်ငံ၏ NATO အဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းမှုနှင့်ပတ်သက်၍ လစ်သူရေးနီးယားနိုင်ငံ၌ ဇူလိုင်လ ၁၁ ရက်မှ ၁၂ ရက်အထိ ကျင်းပပြုလုပ်မည့် NATO ထိပ်သီးအစည်းအဝေးမတိုင်မီ NATO အထွေထွေအတွင်းရေးမှူးချုပ် ဂျန်စတိုတန်ဘာ့ဂ် (Jens Stoltenberg) အနေဖြင့် ဘရပ်ဆဲလ် (Brussels) မြို့၌ တူကီယဲ၊ ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့မှ ထိပ်တန်းသံတမန်များနှင့် အစည်းအဝေးကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါအစည်းအဝေးမတိုင်မီ တစ်ရက်အလိုတွင် အထက်ပါအတိုင်း တွေ့ဆုံခဲ့ခြင်းဖြစ် ပါသည်။

အမေရိကန်အနေဖြင့် ဆွီဒင်နိုင်ငံ၏ NATO အဖွဲ့ဝင်ဖြစ်ရေးဝင်ခွင့်လျှောက်လွှာအား အမြန်ဆုံးအတည်ပြုပေးရန် တူကီယဲနှင့် ဟန်ဂေရီနိုင်ငံတို့အား တိုက်တွန်းပြောကြား ထားသည်ဟု အိမ်ဖြူတော်၏ ပြောရေးဆိုခွင့်ရှိသူ ဂျင်းပီးယား (Jean Pierre) က ပြောကြားခဲ့ပါသည်။ ဆွီဒင်အနေဖြင့် ဖင်လန်နှင့် တူကီယဲနိုင်ငံတို့အကြား ပြီးခဲ့သည့် ဇွန်လတွင် လက်မှတ်ရေးထိုးခဲ့သည့် သုံးနိုင်ငံနားလည်မှုစာချွန်လွှာတွင်ပါရှိသော သဘော တူညီချက်များကို ဖြည့်ဆည်းပေးခဲ့ကြောင်းကိုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့ ပါသည်။ ဆွီဒင်နိုင်ငံသည် စစ်ရေးစွမ်းရည်မြင့်မားသည့် ကာကွယ်ရေးမိတ်ဖက်နိုင်ငံ ဖြစ်ခြင်းကြောင့် NATO အဖွဲ့ဝင်ဖြစ်လာပါက NATO အဖွဲ့၏ စွမ်းဆောင်ရည်မြင့်တက် လာနိုင်ပြီး ဥရောပ၏ လုံခြုံရေးအတွက်လည်း အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ဂျင်းပီးယားက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment