Tuesday, July 4, 2023
ရုရှားနိုင်ငံသည် ဟန်ဂေရီနိုင်ငံအတွက် လိုအပ်နေသည့် ရေနံနှင့်သဘာဝ ဓာတ်ငွေ့အားလုံးကို ထောက်ပံ့ပေးမည်ဟု ကတိပြုခဲ့ကြောင်း ဟန်ဂေရီနိုင်ငံခြားရေး ဝန်ကြီးကပြောကြားခဲ့ခြင်း
ရုရှားနိုင်ငံသည် ဟန်ဂေရီနိုင်ငံအတွက် လိုအပ်နေသည့် ရေနံနှင့်သဘာဝ ဓာတ်ငွေ့အားလုံးကို ထောက်ပံ့ပေးမည်ဟု ကတိပြုခဲ့ကြောင်း ဟန်ဂေရီနိုင်ငံခြားရေး ဝန်ကြီး ပီတာဆီဂျာတို (Peter Szijjarto) က ဇူလိုင်လ ၅ ရက်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့ပါသည်။ ထို့ပြင် ရုရှားသည် နှစ်နိုင်ငံအကြား ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာ သဘောတူညီချက်များချုပ်ဆိုမှု သက်တမ်းတစ်လျှောက်၌ လည်း ဟန်ဂေရီအတွက် ယုံကြည်စိတ်ချရသည့် မိတ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ ရုရှားနှင့် ထိုကဲ့သို့ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ခြင်းသည် ဟန်ဂေရီ၏ စွမ်းအင် လုံခြုံရေးအတွက် ကာလကြာ အာမခံချက်တစ်ရပ်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ ပါသည်။ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအပေါ် ဥရောပသမဂ္ဂက တင်းကျပ်သောအရေးယူ ပိတ်ဆို့မှုများချမှတ်ရန် စီစဉ်လျက်ရှိသော်လည်း စွမ်းအင်၊ စိုက်ပျိုးရေးနှင့် ဆေးဝါး ထုတ်လုပ်မှုကဏ္ဍတို့တွင် ရုရှားနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဟန်ဂေရီနိုင်ငံအနေဖြင့် ဆက်လက်လုပ်ဆောင်မည်ဟု ဆီဂျာတိုက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Labels:
နိုင်ငံရေး,
ဟန်ဂေရီ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment