Thursday, July 6, 2023
ယူကရိန်းသမ္မတသည် ချက်သမ္မတနိုင်ငံသို့ ရောက်ရှိလျက်ရှိခြင်း
ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီး (Volodymyr Zelensky) သည် ချက်သမ္မတ နိုင်ငံ၊ မြို့တော် ပရာ့ဂ် (Prague) သို့ ရောက်ရှိလျက်ရှိပြီး သမ္မတ ပီတာပါဗယ်လ် (Petr Pavel) နှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း Xinhua သတင်းဌာနက ဇူလိုင်လ ၇ ရက်တွင် ဖော်ပြခဲ့ပါသည်။ လစ်သူရေးနီးယားနိုင်ငံ၊ မြို့တော် ဗီလ်နီးယပ်စ် (Vilnius) တွင် ကျင်းပမည့် NATO အဖွဲ့ထိပ်သီးအစည်းအဝေးတွင် ယူကရိန်းနိုင်ငံ၏ လက်ရှိဖြစ်ပေါ်လျက် ရှိသောအခြေအနေ၊ ဘီလာရုဇ်နိုင်ငံ၌ လက်ရှိဖြစ်ပေါ်ပြောင်းလဲမှုများနှင့် ယူကရိန်းစစ်ပြီးခေတ် ပြန်လည်တည်ဆောက်ရေးတွင် ချက်သမ္မတနိုင်ငံမှ ပါဝင်ပတ်သက်မှုများနှင့်စပ်လျဉ်း၍ သမ္မတနှစ်ဦးက ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါတွေ့ဆုံဆွေးနွေးမှုအတွင်း ချက်နိုင်ငံအနေဖြင့် ယူကရိန်းအတွက် အမေရိကန်ဒေါ်လာ ၂.၁ ဘီလီယံထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း ချက်သမ္မတက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
Labels:
ချက်သမ္မတ,
နိုင်ငံရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment