Monday, July 31, 2023

ဂရိအာဏာပိုင်များသည် ရွှေ့ပြောင်းနေထိုင်မှုများကို တားဆီး ရန်သံမဏိခြံစည်းရိုးကို စတင်ဆောက်လုပ်လျက်ရှိခြင်း

     ဂရိအာဏာပိုင်များသည် ပုံမှန်မဟုတ်သော ရွှေ့ပြောင်းနေထိုင်မှုများကို တားဆီး ရန် တူကီယဲနယ်စပ်ရှိ အရှည် ၁၄၀ ကီလိုမီတာရှည်သော တံတိုင်းစီမံကိန်း ပထမအဆင့်၏ တစ်စိတ်တစ်ပိုင်းအဖြစ် မီရစ် (Meriç) မြစ်တစ်လျှောက် ၃၅ ကီလိုမီတာရှည်သော သံမဏိခြံစည်းရိုးကို စတင်ဆောက်လုပ်နေပြီဖြစ်ပါသည်။ ကန်ထရိုက်တာကုမ္ပဏီများ သည် အဆိုပါဧရိယာတွင် သစ်ပင်ခုတ်ခြင်း၊ ဧရိယာရှင်းလင်းခြင်းနှင့် ဆောက်လုပ်ရေး စက်ယန္တရားများ ဖြတ်သန်းရန်အတွက် လမ်းများဖွင့်ပေးခြင်းအပါအဝင် တံတိုင်းစီမံကိန်း ပထမအဆင့်အား စတင်လုပ်ကိုင်နေပြီဖြစ်ပါသည်။ ဂရိအစိုးရနှင့် “Terna” နှင့် “Intrakat” ကုမ္ပဏီတို့အကြား မတ်လတွင် ချုပ်ဆိုခဲ့သော သဘောတူညီချက်အရ ၃၅ ကီလိုမီတာ ရှည်သော ခြံစည်းရိုးကို ဆောက်လုပ်ရန်အတွက် ယူရို ၉၉.၂ သန်း (အမေရိကန်ဒေါ်လာ ၁၀၉ သန်း) ကုန်ကျမည်ဖြစ်ပါသည်။ အဆိုပါစီမံကိန်းကို ဥရောပသမဂ္ဂမှ ငွေကြေး ထောက်ပံ့ရန် ငြင်းဆိုထားခြင်းကြောင့် ကုန်ကျစရိတ်ကို ဂရိအစိုးရက ထောက်ပံ့ပေး လျက်ရှိကြောင်း သိရှိပါသည်။

No comments:

Post a Comment