Tuesday, July 4, 2023

ဂရိနိုင်ငံခြားရေးဝန်ကြီးသည် ဆိုက်ပရပ်စ်သို့သွားရောက်ရန် စီစဉ်လျက်ရှိခြင်း

     ဂရိနိုင်ငံခြားရေးဝန်ကြီးသစ် ဂျီအိုဂိုးစ်ဂျဲရပ်ပက်ထရိုင်းတက်စ် (Giorgos Gerapetritis) သည် ၎င်း၏ပထမဆုံးသောခရီးစဉ်အဖြစ် ဇူလိုင်လ ၄ ရက်တွင် ဆိုက်ပရပ်စ်သို့သွားရောက်ရန် စီစဉ်လျက်ရှိကြောင်း Cyprus Mail သတင်းဌာနကဖော်ပြခဲ့ပါသည်။ အဆိုပါခရီးစဉ်အတွင်း ဂျဲရပ်ပက်ထရိုင်းတက်စ်သည် ဆိုက်ပရပ်စ်သမ္မတ နီကိုစ်းခရစ်စတိုဒူလီဒီစ် (Nikos Christodoulides)၊ ဆိုက်ပရပ်စ်နိုင်ငံခြားရေးဝန်ကြီး ကွန်စတန်တီနိုစ်ကွန်ဘိုစ် (Constantinos Kombos) တို့နှင့် တွေ့ဆုံသွားမည်ဖြစ်ပါသည်။ အဆိုပါတွေ့ဆုံမှုအတွင်းဆိုက်ပရပ်စ် အရေးကိစ္စများနှင့်ပတ်သတ်၍ အဓိကထားဆွေးနွေးသွားမည်ဖြစ်ပြီး ဒေသတွင်းနှင့် အရှေ့ မြေထဲပင်လယ်၊ အရှေ့အလယ်ပိုင်းဒေသတွင် ၎င်းတို့နှစ်နိုင်ငံနှင့် အခြားနိုင်ငံများအကြား ဘက်စုံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များကိုလည်း ဆွေးနွေးသွားမည်ဖြစ်ပါသည်။ ထို့ပြင် ၎င်းတို့သည် ရုရှား-ယူကရိန်းပဋိပက္ခအပါအဝင် လက်ရှိနိုင်ငံတကာနှင့် ဥရောပ သမဂ္ဂဆိုင်ရာကိစ္စရပ်များကိုလည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment