Sunday, July 9, 2023
တူကီယဲနိုင်ငံအနေဖြင့် ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခတွင် ဘက်လိုက်မှုမရှိကြောင်းပြောကြားခဲ့ခြင်း
တူကီယဲနိုင်ငံအနေဖြင့် ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခတွင် ဘက်လိုက်မှုမရှိခြင်းကို ရပ်တည်လျက်ရှိကြောင်းနှင့် နှစ်နိုင်ငံဆက်ဆံရေးခိုင်မာအောင် တည်ဆောက်ထားကြောင်း တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ပြောကြား ခဲ့သည်ဟု Xinhua သတင်းဌာနက ဇူလိုင်လ ၉ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီး (Volodymyr Zelenskyy) နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် လူထုအစည်းအဝေးတစ်ခုတွင် တူကီယဲသမ္မတက အထက်ပါအတိုင်း မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင် လာမည့်ဩဂုတ်လတွင် ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) နှင့်လည်း တွေ့ဆုံသွားမည်ဖြစ်သည်ဟု အာဒိုဂန်က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Labels:
တူကီယဲ,
နိုင်ငံရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment