Tuesday, July 4, 2023

ပိုလန်နှင့် အီတလီနိုင်ငံတို့သည် ဥရောပသမဂ္ဂ၏ နယ်စပ်ဒေသကာကွယ်ရေးအား ဦးစားပေးဆောင်ရွက်ရန် သဘောတူညီခဲ့ကြခြင်း

Anadolu Agency; Jul-5(Wed)

ပိုလန်နှင့် အီတလီနိုင်ငံတို့သည် ဥရောပသမဂ္ဂ၏ နယ်စပ်ဒေသကာကွယ်ရေး အား ဦးစားပေးဆောင်ရွက်ရန် သဘောတူညီခဲ့ကြသည်ဟု ဇူလိုင်လ ၅ ရက်တွင် ပိုလန် ဝန်ကြီးချုပ် မာတက်စ်ဇ်မိုရာဝီခ်ကီ (Mateusz Morawiecki) က ထုတ်ပြန်ကြေညာခဲ့ ကြောင်း Anadolu Agency သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ပိုလန်နိုင်ငံအနေဖြင့် တရားမဝင်ရွှေ့ပြောင်းအခြေချနေထိုင်မှုကို လက်သင့်ခံမည်မဟုတ်သောကြောင့် ဥရောပ နယ်စပ်ထိန်းချုပ်ခြင်းသည် အခြေခံကျသည့်အချက်ဖြစ်ကြောင်း မိုရာဝီခ်ကီက ပြောကြား ခဲ့ပါသည်။ အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာမယ်လိုနီ (Giorgia Meloni) သည် ပိုလန် နိုင်ငံ၊ မြို့တော် ဝါဆော (Warsaw) သို့ ရောက်ရှိစဉ်အတွင်း နှစ်နိုင်ငံအနေဖြင့် အထက်ပါ အတိုင်း သဘောတူညီမှုရရှိခဲ့ကြခြင်းဖြစ်ပါသည်။

ပိုလန်နိုင်ငံကဲ့သို့သော ရွှေ့ပြောင်းအခြေချနေထိုင်သူများ ဘေးအန္တရာယ်နှင့် နီးကပ်နေသောနိုင်ငံများအနေဖြင့် EU က အဆိုပြုထားသော ဥရောပသမဂ္ဂရွှေ့ပြောင်း အခြေချနေထိုင်ရေးဆိုင်ရာသဘောတူညီမှု (EU migration deal) အပေါ် ကန့်ကွက် ကြောင်း မိုရာဝီခ်ကီက ပြောကြားခဲ့ပါသည်။ ဥရောပသမဂ္ဂအနေဖြင့် ဥရောပတစ်လွှား တရားမဝင်ရွှေ့ပြောင်းအခြေချနေထိုင်မှုများအား အချိန်မီတားဆီးရန်နှင့် နိုင်ငံများအားလုံး၏ အကျိုးစီးပွားအပေါ် အလေးထားထည့်သွင်းစဉ်းစားသင့်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့ပါသည်။ အီတလီအစိုးရအနေဖြင့်လည်း ဥရောပသမဂ္ဂရွှေ့ပြောင်းအခြေချ နေထိုင်ရေးဆိုင်ရာ သဘောတူညီချက်၊ နိုင်ငံရေးခိုလှုံခွင့်နှင့် ရွှေ့ပြောင်းအခြေချသူများ ခွဲဝေချထားရေးအစီအစဉ်အပေါ် ပိုလန်နိုင်ငံ၏ သဘောထားရပ်တည်ချက်အား ကောင်းစွာ နားလည်သဘောပေါက်ကြောင်း မယ်လိုနီက ပြောကြားခဲ့ပါသည်။ ထို့ပြင် ဥရောပသမဂ္ဂ သည် ယူကရိန်းနိုင်ငံမှ ရွှေ့ပြောင်းဝင်ရောက်လာသူအများအပြားအား လက်ခံထားရသော နိုင်ငံများ၏ အခက်အခဲများအပေါ် အပြည့်အဝနားလည်သဘောပေါက်မည်မဟုတ်ကြောင်း မယ်လိုနီက ထပ်လောင်းပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment