တူရကီသမ္မတ ရီဆက်တေးရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် တူရကီနိုင်ငံသို့ ခရီးစဉ်လာရောက်လျက်ရှိသော အဇာဘိုင်ဂျန်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဇာကီဟာဆန်နော့ဗ် (Zakir Hasanov) နှင့် ဒုတိယကာကွယ်ရေး ဝန်ကြီး(၁) နှင့် စစ်ဦးစီးချုပ်ဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ကာရင်ဗယ်လီရဗ် (Karim Valiyev) တို့အား လက်ခံတွေ့ဆုံခဲ့ကြောင်း AZERTAC သတင်းဌာနက စက်တင်ဘာလ ၁၅ ရက်တွင် ဖော်ပြခဲ့ပါသည်။ တူရကီကာကွယ်ရေးဝန်ကြီး ဟူလူစီအက္ကာ (Hulusi Akar) နှင့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ယာရှာဂူလာ (Yashar Guler) တို့သည်လည်း အဆိုပါတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပါသည်။ အဇာဘိုင်ဂျန်ကာကွယ်ရေးဝန်ကြီးသည် တူရကီကာကွယ်ရေးဝန်ကြီး၏ ဖိတ်ကြားချက်အရ စက်တင်ဘာလ ၁၄ ရက်တွင် တူရကီသို့ ခရီးစဉ်သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment