တူရကီနိုင်ငံခြားရေးဝန်ကြီး မဲလ်ဗက်ကာဗူဆိုဂလူ (Melvet Cavusoglu) နှင့် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ရှားမာမွတ်ကူရီရှီ (Shah Mahmood Qureshi) တို့သည် (၇၆) ကြိမ်မြောက်ကုလသမဂ္ဂအထွေအထွေညီလာခံ၏ ဆက်စပ်အစည်းအဝေး အဖြစ် စက်တင်ဘာလ ၂၃ ရက်တွင် တွေ့ဆုံခဲ့ကြောင်း ပါကစ္စတန်နိုင်ငံခြားရေး ဝန်ကြီးဌာနက စက်တင်ဘာလ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ တွေ့ဆုံမှုအတွင်း ၎င်းတို့နှစ်ဦးသည် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာကိစ္စရပ်များ၊ အာဖဂန်နစ္စတန်နိုင်ငံ အရေးအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့ ပါသည်။ ထို့ပြင် ၎င်းတို့သည် တူရကီ-ပါကစ္စတန် နှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ရန် သဘောတူညီခဲ့ပါသည်။ အာဖဂန် ပြည်သူများအပေါ် လူသားချင်းနာထောက်ထားမှုအကူအညီများ ပေးအပ်ရန်လည်း တူရကီနိုင်ငံအား ရှားမာမွတ်ကူရီရှီက တောင်းဆိုခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment