Monday, September 27, 2021

ပိုလန်နိုင်ငံသည် ဘီလာရုဇ်နှင့်ထိစပ်လျက်ရှိသည့် နယ်စပ်ဒေသများတွင် နိုင်ငံအရေးပေါ်အခြေအနေကြေညာထားခြင်းအား သက်တမ်းတိုးမြှင့်သွားရန်ရှိခြင်း

 Euronews; Sep-28 (Tue)

              ပိုလန်နှင့် ဘီလာရုဇ်နိုင်ငံနယ်စပ်၌ မကြာသေးမီကဖြစ်ပွားခဲ့သော ရွှေ့ပြောင်း ဒုက္ခသည်များ၏ သေဆုံးမှုများနှင့်ပတ်သက်၍ လုံးဝလက်မခံနိုင်ကြောင်း  ဘီလာရုဇ် နိုင်ငံက ပြစ်တင်ဝေဖန်ခဲ့ပြီးနောက် ပိုလန်နိုင်ငံသည် ဘီလာရုဇ်နှင့်ထိစပ်လျက်ရှိသည့် နယ်စပ်ဒေသတစ်လျှောက်တွင် နိုင်ငံအရေးပေါ်အခြေအနေကြေညာထားသည့်အမိန့်အား သက်တမ်းထပ်မံတိုးမြှင့်သွားမည်ဖြစ်ပါသည်။ ပိုလန်နိုင်ငံသည် ၎င်း၏နယ်စပ်ဒေသ များတွင် စစ်ဘက်တပ်ဖွဲ့ဝင်များကို တိုးမြှင့်ချထားခြင်းနှင့် ဘလိတ်ဆူးကြိုးများကာရံကာ ဝင်ပေါက်များအားလုံးကို ပိတ်ဆို့ထားခဲ့ပါသည်။ ရုရှားနိုင်ငံ၏ကျောထောက်နောက်ခံပြု ဘီလာရုဇ်အစိုးရသည် ဥရောပသမဂ္ဂအတွင်း သဘောထားကွဲလွဲမှုများနှင့် မငြိမ်မသက်မှု များဖြစ်ပေါ်လာစေရန် အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှရွှေ့ပြောင်းနေထိုင်သူများအား ပိုလန်၊ လစ်သူရေးနီးယားနှင့် လတ်ဗီးယားနိုင်ငံများသို့ တရားမဝင် ဝင်ရောက်နိုင်စေရန် အားပေးလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းနိုင်ငံများမှအစိုးရများက စွပ်စွဲပြောကြားခဲ့ပါသည်။

     ပိုလန်-ဘီလာရုဇ်နယ်စပ်တွင် လူ ဦးသေဆုံးခဲ့ပြီးနောက် ဥရောပ ပြည်ထဲရေးဆိုင်ရာအကြီးအကဲ ဝိုင်လ်ဗာဂျွန်ဆန် (Ylva Johansson) က စိုးရိမ်လျက် ရှိကြောင်းပြောကြားခဲ့ပြီး ၎င်းကိစ္စနှင့်ပတ်သက်၍ ပိုလန်နိုင်ငံအား ပွင့်လင်းမှုရှိစေရန် တောင်းဆိုခဲ့ပါသည်။ မိမိတို့အနေဖြင့် ပိုလန်နိုင်ငံသည် ၎င်း၏နယ်စပ်ဒေသများအား ကာကွယ်ရာတွင် ကူညီရမည်ဖြစ်သော်လည်း ၎င်းနယ်စပ်ဒေသများ၌ လူများ၏ အသက်ဆုံးရှုံးမှုကိုလည်း ကာကွယ်ရန်အရေးကြီးသဖြင့် ၎င်းကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်ရမည်ဖြစ်ကြောင်း ဂျွန်ဆန်က ပြောကြားခဲ့ပါသည်။ ပိုလန်နိုင်ငံ သည် သြဂုတ်လမှစတင်၍ ဘီလာရုဇ်နိုင်ငံမှ ၎င်း၏နယ်စပ်သို့တရားမဝင်ဖြတ်ကျော်ရန် ကြိုးစားသူ ၉,၄၀၀ ဦးအနက် ၈,၂၀၀ ဦးသည် အဖျက်အမှောင့်လုပ်ဆောင်ရန် ဝင်ရောက် လာခြင်းဖြစ်ကြောင်း ပိုလန်ပြည်ထဲရေးဝန်ကြီး မာရွတ်စ်ဇ်ကာမင်စကီ (Mariusz Kaminski) က သတင်းထောက်များအား ပြောကြားခဲ့ပါသည်။ ပိုလန်နိုင်ငံသို့ တရားမဝင် ဝင်ရောက်ရန် ကြိုးစားလာသူများကို ဖမ်းဆီးပြီးနောက် လူပေါင်း ၁,၂၀၀ ခန့်ကို ထိန်းသိမ်းရေးစခန်း များတွင်ထားရှိခဲ့ပါသည်။ ဖမ်းဆီးခံရသူအချို့၏ဖုန်းများတွင် တွေ့ရှိသောအချက်အလက် များအရ အကြမ်းဖက်အဖွဲ့များနှင့် အဆက်အသွယ်များရှိခြင်းရုရှားနှင့် ကာလကြာရှည် အဆက်အသွယ်များရှိခြင်းအပါအဝင် ရာဇဝတ်မှုများစွာရှိကြောင်း ထင်ရှားသည့်သက်သေ များစွာရှိသဖြင့် ထိန်းသိမ်းထားရခြင်းဖြစ်ကြောင်း ပိုလန်၏ အထူးတပ်ဖွဲ့က ပြောကြား ခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment