AA;Sep-19(Sun)
ဥရောပသမဂ္ဂအနေဖြင့် ၎င်းတို့၏ ကတိပျက်ကွက်မှုများကြောင့် နောက်ထပ် ရွှေ့ပြောင်းအခြေချနေထိုင်သူအရေးကိစ္စများ ထပ်မံဖြစ်လာနိုင်ကြောင်းနှင့် တူရကီနိုင်ငံ အနေဖြင့် ရွှေ့ပြောင်းအခြေချနေထိုင်သူများ ထပ်မံလက်ခံနိုင်ခြင်းမရှိကြောင်း တူရကီ လွှတ်တော်ဥက္ကဋ္ဌ မူစတာဖာဆန်းတော့(Mustafa Sentop) က စက်တင်ဘာလ ၁၉ ရက် တွင် ပြောကြားခဲ့ပါသည်။ ဆန်းတော့သည် တူရကီနိုင်ငံမှ စပိန်နိုင်ငံသို့ ၃ ရက်တာ တရားဝင်ချစ်ကြည်ရေးခရီးမထွက်ခွါမီ စပိန်သတင်းဌာနတစ်ခုနှင့် တွေ့ဆုံမေးမြန်းစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် တူရကီနိုင်ငံအတွင်း အာဖဂန်ရွှေ့ပြောင်းနေထိုင်သူများ ဆက်လက် လက်ခံသင့်ကြောင်း ဥရောပနိုင်ငံရေးသမားအချို့၏ အကြံပြုချက်သည် တရားမျှတမှုမရှိကြောင်းနှင့် တာဝန်မဲ့သောလုပ်ရပ်ဖြစ်ကြောင်းကိုလည်း ဆန်းတော့က ထပ်လောင်းပြောကြားခဲ့သည်။
ထို့ပြင် ဆန်းတော့သည် ဥရောပသမဂ္ဂအနေဖြင့် ၎င်းတို့၏ကတိကိုမစောင့် ထိန်းခြင်းနှင့် လိုအပ်သောလူသားချင်းကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ကိစ္စရပ်များ အားမလုပ်ဆောင်လျှင် အဆိုပါရွှေ့ပြောင်းအခြေချနေထိုင်သူများအရေးသည် ထပ်မံဖြစ်ပွား လာနိုင်ကြောင်း ပြောကြားခဲ့သည်။ ရွှေ့ပြောင်းအခြေချနေထိုင်သူအရေးကိစ္စသည် ငွေကြေး ထောက်ပံ့မှုတစ်ခုတည်းဖြင့် ဖြေရှင်း၍မရနိုင်ကြောင်း၊ ရွှေ့ပြောင်းအခြေချနေထိုင်သူ များကို အချိုးကျလက်ခံသင့်ကြောင်းနှင့် ဥရောပသမဂ္ဂအနေဖြင့် အာဖဂန်ရွှေ့ပြောင်း အခြေချနေထိုင်သူများအတွက် ငွေကြေးဆိုင်ရာထောက်ပံ့မှုများ လုပ်ဆောင်ရန်ပင် ပျက်ကွက်လျက်ရှိကြောင်းကိုလည်း ဆန်းတော့က ပြစ်တင်ပြောကြားခဲ့ပါသည်။ လက်ရှိ အချိန်တွင် တူရကီနိုင်ငံသည် ရွှေ့ပြောင်းအခြေချနေထိုင်သူ ၄ သန်းကျော် လက်ခံထား ရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment