Thursday, September 30, 2021

ဂရိအစိုးရသည် ကုလသမဂ္ဂ၏ ရွှေ့ပြောင်းဒုက္ခသည်များအပေါ် ထောက်ပံ့သည့် ငွေကြေးအကူအညီများအား စီမံခန့်ခွဲသွားမည်ဆိုခြင်း

 

Greekcitytimes; Oct-1(Fri)

              ဂရိအစိုးရအနေဖြင့် နိုင်ငံအတွင်းရှိ နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူများအပေါ် ထောက်ပံ့ပေးသည့် ငွေကြေးအကူအညီများနှင့်ပတ်သက်၍ အောက်တိုဘာလ ရက်မှ စတင်၍ စီမံခန့်ခွဲသွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က စက်တင်ဘာလ ၃၀ ရက်တွင်ကြေညာခဲ့ပါသည်။ ၂၀၁၇ ခုနှစ် နွေဦး ကာလမှစ၍ ဥရောပသမဂ္ဂမှတစ်ဆင့် ဂရိနိုင်ငံအတွင်းသို့ဝင်ရောက်လာသည့် နိုင်ငံရေး ခိုလှုံခွင့်တောင်းခံသူ ၂၀၀,၀၀၀ ကျော်အား ငွေကြေးအထောက်အပံ့များပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း UNHCR ၏ ကြေညာချက်တွင်ဖော်ပြထားပါသည်။ အဆိုပါဆောင်ရွက်ချက် သည် ပေါင်းစည်းရေးနှင့်တည်းခိုနေထိုင်ရေးဆိုင်ရာအရေးပေါ်ထောက်ပံ့မှု (Emergency Support to Integration and Accommodation-ESTIA) အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း လည်းဖြစ်ပါသည်။ အဆိုပါအစီအစဉ်အား ၂၀၁၈ ခုနှစ်တွင်စတင်ခဲ့ပြီး နေစရာနေရာ များနှင့် ငွေကြေးထောက်ပံ့မှုအစိတ်အပိုင်းနှစ်ရပ်ပါဝင်ပါသည်။ UNHCR သည် ESTIA အစီအစဉ်အား ဂရိနိုင်ငံနှင့် နှစ်ကြာ ပူးတွဲစီမံခန့်ခွဲမှုများပြုလုပ်ခဲ့ပြီးနောက် ၂၀၂၀ ပြည့်နှစ်တွင် ဂရိနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ပါသည်။

              ငွေကြေးထောက်ပံ့မှုအကူအညီများသည် ရွှေ့ပြောင်းဒုက္ခသည်များအပေါ် လိုအပ်သည့်ထောက်ပံ့မှုများဖြစ်စေသည့်အတွက် ဒုက္ခသည်များအနေဖြင့် အကူအညီ များအား ဆက်လက်လက်ခံသွားရန်လိုအပ်ကြောင်းနှင့် အဆိုပါအသွင်ကူပြောင်းရေး ကာလ၏ အစီအစဉ်သစ်များအကြောင်းကိုလည်း ဂရိအစိုးရအနေဖြင့် အသိပေးသွားရန် အရေးကြီးကြောင်း ဂရိနိုင်ငံ၏ UNHCR ကိုယ်စားလှယ် မီရီလီဂီရက်ဒ် (Mireille Girard) က ပြောကြားခဲ့ပါသည်။ အသွင်ကူးပြောင်းရေးကာလသည် ရွှေ့ပြောင်းနေထိုင်မှု ပြဿနာကို အပြည့်အဝထိန်းချုပ်ရန်အတွက် အစိုးရ၏အစီအစဉ်တစ်စိတ်တစ်ပိုင်း ဖြစ်သည့်အပြင် သိသာထင်ရှားသည့် ခြေလှမ်းတစ်ရပ်လည်းဖြစ်ကြောင်း ရွှေ့ပြောင်း နေထိုင်မှုနှင့်ခိုလှုံရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။ UNHCR ၏ ပူးပေါင်းပါဝင်မှု နှင့် ဥရောပကော်မရှင်၏ ရန်ပုံငွေထောက်ပံ့ပေးမှုများကိုလည်း ကျေးဇူးတင်ရှိကြောင်း ဂီရက်ဒ်က ပြောကြားခဲ့ပါသည်။ ငွေကြေးထောက်ပံ့မှုအကူအညီများအား အစိုးရ၏ ရွှေ့ပြောင်းဒုက္ခသည်လက်ခံသည့်နေရာများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ဥပဒေ ရေးရာအဖွဲ့အစည်းများ၊ ဒေသန္တရဆိုင်ရာအုပ်ချုပ်ရေးအေဂျင်စီများနှင့် မှတ်ပုံတင် ထားသော အကျိုးအမြတ်မယူသည့်အဖွဲ့အစည်းများအား အထောက်အပံ့များပေးအပ် သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment