Sunday, September 19, 2021

တူရကီသမ္မတသည်ဂရိဝန်ကြီးချုပ်နှင့်ကုလသမ္မဂအထွေထွေညီလာခံတွင်တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်းအခိုင်အမာပြောကြားခဲ့ခြင်း

        အမေရိကန်နိုင်ငံ၊ နယူးယောက် (New York) မြို့တွင် ကျင်းပပြုလုပ်မည့် ကုလသမဂ္ဂအထွေထွေညီလာခံ (The United Nations General Assembly) ၏ ဆက်စပ်အစည်းအဝေးအဖြစ် တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ဂရိဝန်ကြီးချုပ် ကူရီရာကော့စ်မစ်ဆိုတာကီ (Kyriakos Mitsotakis) နှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း အခိုင်အမာပြောကြားခဲ့ပါသည်။ အာဒိုဂန် သည် အစ္စတန်ဘူလ် (Istanbul) လေဆိပ်မှ နယူးယောက်သို့သွားရောက်စဉ်အတွင်း အမေရိကန်နှင့် ဂရိနိုင်ငံတို့မှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဟု ပြောကြားခဲ့ခြင်းလည်းဖြစ်ပါသည်။ ထို့ပြင် မိမိတို့အနေဖြင့်လည်း ဂရိဝန်ကြီးချုပ် မစ်ဆိုတာကီ၏ တောင်းဆိုမှုများအပေါ် အပြည့်အဝဖြည့်ဆည်းဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့ပါသည်။ ဂရိနိုင်ငံတွင် မကြာသေးမီက ကျင်းပပြုလုပ်ခဲ့သည့် EUMED 9 ထိပ်သီးအစည်းအဝေးအတွင်း တူရကီသမ္မတ အနေဖြင့် ဂရိဝန်ကြီးချုပ်နှင့် အထက်ပါအတိုင်း တွေ့ဆုံဆွေးနွေးသွားရန် စီစဉ်ထား ရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment