တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ဂရိဝန်ကြီးချုပ် ကရီယာကော့စ်မစ်ဆိုတားကစ် (Kyriakos Mitsotakis) နှင့် နယူးယောက်မြို့တွင်ကျင်းပပြုလုပ်မည့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆက်စပ် အစည်းအဝေး၌ တွေ့ဆုံသွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၁၉ ရက်တွင် ရိုက်တာ သတင်းဌာနက ပြောကြားခဲ့ပါသည်။ နေတိုးအဖွဲ့ဝင်နိုင်ငံများနှင့် ဒေသတွင်းပြိုင်ဘက် များသည် မြေထဲပင်လယ်အတွင်း ရေကြောင်းဆိုင်ရာကိစ္စရပ်များအပါအဝင် ရွှေ့ပြောင်း အခြေချနေထိုင်မှုကိစ္စရပ်များနှင့်ပတ်သက်၍ အငြင်းပွားမှုများဖြစ်ပွားလျက်ရှိပါသည်။ တူရကီသည် ဂရိနိုင်ငံအတွက် ရွှေ့ပြောင်းအခြေချနေထိုင်မှုများအား ဖြေရှင်းဆောင်ရွက် ရာတွင် အရေးပါသည့်မိတ်ဖက်နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိသည်ဟု ဂရိ ဝန်ကြီးချုပ် ကရီယာကော့စ်မစ်ဆိုတားကစ်က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment