Thursday, September 15, 2022

ချက်သမ္မတနိုင်ငံသည် ကာကွယ်ရေးအသုံးစရိတ်အား ၂ ရာခိုင်နှုန်းခန့်အထိ တိုးမြှင့်သုံးနိုင်ဖွယ်ရှိခြင်း

    ချက်သမ္မတနိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်သည် ယခင်အစီအစဉ်ထက် ၁ နှစ်စော၍ ၂၀၂၄ ခုနှစ်တွင် စုစုပေါင်းပြည်တွင်းထုတ်ကုန် (Gross Domestic Product-GDP) ၏ ၂ ရာခိုင်နှုန်းခန့်အထိ ရောက်ရှိနိုင်ကြောင်း ချက်ဝန်ကြီးချုပ် ပီတာဖီရာလာ (Petr Fiala) က ပြောကြားခဲ့သည်ဟု စက်တင်ဘာလ ၁၆ ရက်တွင် Xinhua သတင်းဌာနက ဖော်ပြခဲ့ပါသည်။ နိုင်ငံ့ကာကွယ်ရေးအသုံးစရိတ်ကို ၂၀၂၅ ခုနှစ်တွင် GDP ၏ ၂ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲသွားရန် ချက်အစိုးရက ပြီးခဲ့သည့် ဇန်နဝါရီလတွင် ကတိပြုထားခြင်း ဖြစ်ပါသည်။ ၂၀၀၆ ခုနှစ် သဘောတူညီချက်အရ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (North Atlantic Treaty Organization-NATO) အဖွဲ့ဝင်နိုင်ငံများသည် စစ်ရေးအသင့်ရှိမှုကို ထိန်းသိမ်းရန်အတွက် နိုင်ငံ့ GDP ၏ ၂ ရာခိုင်နှုန်းကို ကာကွယ်ရေးအသုံးစရိတ်အဖြစ် သုံးစွဲသွားရမည်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment