Sunday, September 25, 2022

မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် တူကီယဲနိုင်ငံထုတ် မောင်းသူမဲ့လေယာဉ်များ ဝယ်ယူရန် စိတ်ဝင်စားလျက်ရှိခြင်း


Trend;Sep–27(Tue)

မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် တူကီယဲကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီ Baykar မှထုတ်လုပ်သည့် မောင်းသူမဲ့လေယာဉ်များဝယ်ယူရန် စိတ်ဝင်စားလျက် ရှိသည်ဟု တူကီယဲနိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူ (Mevlut Cavushoglu) က စက်တင်ဘာလ ၂၆ ရက်တွင် ပြောကြားခဲ့ပါသည်။

သုံးသပ်ချက်

တူကီယဲကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ Baykar မှ ထုတ်လုပ်သည့် Bayraktar TB2 မောင်းသူမဲ့လေယာဉ်သည် ကမ္ဘာပေါ်၌ အကောင်းဆုံးပထမတန်းစား မောင်းသူမဲ့လေယာဉ်များစာရင်း၌ ပါဝင်လျက်ရှိကြောင်း၊ မည်သည့်နိုင်ငံကိုမျှ ယှဉ်ပြိုင်ခြင်း မရှိဘဲ ၎င်းနိုင်ငံထုတ် မောင်းသူမဲ့လေယာဉ်များ၏ နည်းပညာတိုးတက်ရေးအတွက်သာ လုပ်ဆောင်လျက်ရှိသော်လည်း ကမ္ဘာပေါ်၌ ၎င်းတို့၏ မောင်းသူမဲ့လေယာဉ်များကဲ့သို့ စွမ်းဆောင်ရည်ရှိသည်ဟု ကျော်ကြားသည့် မောင်းသူမဲ့လေယာဉ်များမရှိသေးကြောင်း၊ ၎င်းနိုင်ငံထုတ် မောင်းသူမဲ့လေယာဉ်များ၏ အောင်မြင်မှုနှင့်ပတ်သက်၍ အကျော်ကြားဆုံး ကိစ္စရပ်မှာ ယူကရိန်းပဋိပက္ခ၌ စွမ်းဆောင်နိုင်ခဲ့မှုဖြစ်ကြောင်း ကာဗူဆိုဂလူက ဂုဏ်ယူစွာ ပြောကြားထားပါသည်။ ယခုအချိန်တွင် ပိုလန်၊ ယူကရိန်း၊ လစ်ဗျား၊ မော်ရိုကို၊ နိုင်ဂျာ၊ ကာတာ၊ အဇာဘိုင်ဂျန်နှင့် ကာဇက်စတန်နိုင်ငံများ၌ အသုံးပြုလျက်ရှိသည့်အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း ၎င်းမောင်းသူမဲ့လေယာဉ်အားဝယ်ယူရန် စီစဉ်လျက်ရှိပါ သည်။ အဆိုပါမောင်းသူမဲ့လေယာဉ်သည် အမြင့်ပေ ၂၅,၀၀၀ အမြင့်အထိ တက်ရောက်၍ လေထဲတွင် ၂၇ နာရီကြာ အဆက်မပြတ်ပျံသန်းနိုင်ခြင်း၊ အလေးချိန် ၁၅၀ ကီလိုဂရမ်အထိ သယ်ဆောင်နိုင်ခြင်း၊ အကွာအဝေး ၁၅၀ ကီလိုမီတာကျော်ရှိ ပစ်မှတ်များအားဟန့်တား နိုင်ခြင်း၊ ၁ နာရီလျှင် ၂၂၂ ကီလိုမီတာနှုန်းအထိပျံသန်းနိုင်ခြင်း၊ မဟာဗျူဟာမြောက် ထိုးစစ်ဆင်နိုင်ခြင်း၊ အနီးကပ်လေကြောင်းပစ်ကူပေးနိုင်ခြင်းနှင့် ရန်သူ့လေကာများကို ဖျက်ဆီးနိုင်ခြင်းကဲ့သို့သော စွမ်းရည်များရှိပါသည်။ လက်ရှိအချိန်၌ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံအပါအဝင် အခြားသောအာရှနိုင်ငံများသည် ၎င်းနိုင်ငံထုတ် မောင်းသူမဲ့ လေယာဉ်များအား ဝယ်ယူရန်စိတ်ဝင်စားလျက်ရှိသည်ဟုလည်း တူကီယဲနိုင်ငံက ပြောကြား ထားသဖြင့် အခြားသောအာရှနိုင်ငံများသည် တူကီယဲထုတ် မောင်းသူမဲ့လေယာဉ်များအား အနာဂတ်ကာလ၌ ဝယ်ယူနိုင်ဖွယ်ရှိကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ တူကီယဲ သည် မောင်းသူမဲ့လေယာဉ်များနှင့်ပတ်သက်၍ ကမ္ဘာ့နိုင်ငံများ၏ စိတ်ဝင်စားမှုခံရခြင်းကို အကြောင်းပြု၍ ၎င်းနိုင်ငံထုတ် အခြားသောစစ်လက်နက်ပစ္စည်းများကိုပါ နိုင်ငံတကာ စာမျက်နှာ၌ ယုံကြည်အားထားမှုနှင့် နာမည်ကောင်းများထပ်မံရရှိရေးဆောင်ရွက်ပြီး စစ်လက်နက်ပစ္စည်းထုတ်လုပ်မှုအဆင့်အတန်းကို ပိုမိုမြင့်မားအောင် ဆောင်ရွက်လာ နိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:

Post a Comment