Saturday, September 17, 2022

တူကီယဲနှင့် ရုရှားသမ္မတတို့အကြားတွင် ဆွေးနွေးပွဲများဆက်လက်ပြုလုပ်ရန် သဘောတူညီခဲ့ခြင်း

Tass;Sep-18(Sun)

ရုရှားနှင့် ယူကရိန်းနိုင်ငံတို့မှ ထုတ်ကုန်များ အထူးသဖြင့် ကောက်ပဲသီးနှံများနှင့် ဓာတ်မြေဩဇာများအား ပင်လယ်နက်အတွင်းရှိ ရေလမ်းကြောင်းမှတစ်ဆင့် သယ်ဆောင် နိုင်ရေးအတွက် ဆွေးနွေးမှုများဆက်လက်ပြုလုပ်ရန် ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) နှင့် သဘောတူညီမှုရရှိခဲ့ကြောင်း တူကီယဲသမ္မတ ရီဆက်တေရစ် အာဒိုဂန် (Recep Tayyip Erdogan) က ပြောကြားခဲ့သည်ဟု Tass သတင်းဌာနက စက်တင်ဘာလ ၁၈ ရက်တွင် ဖော်ပြခဲ့ပါသည်။ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ ထိပ်သီးဆွေးနွေးပွဲအပြီး ရုပ်သံလိုင်းတစ်ခုနှင့်ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ သမ္မတ ပူတင်ကလည်း အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်၍ အလေးထားပြောဆိုဆွေးနွေးခဲ့ကြောင်း အာဒိုဂန်က ထပ်လောင်း ပြောကြားခဲ့ပါသည်။ ၎င်းတို့နှစ်နိုင်ငံအနေဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများ၏ အကျိုးဖြစ်ထွန်းမှုများရရှိစေရေး အတွက် ထောက်ပံ့ရေးလုပ်ငန်းစဉ်များကို အနီးကပ်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း လည်း အာဒိုဂန်က ပြောကြားခဲ့ပါသည်။ ယူကရိန်းနိုင်ငံမှ စိုက်ပျိုးရေးထုတ်ကုန်အားလုံး နီးပါးခန့်ကို ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများထံသို့ ပေးပို့ခဲ့ပြီးဖြစ်ကြောင်း ရုရှားသမ္မတက ပြီးခဲ့သည့်သီတင်းပတ်တွင်ပြုလုပ်ခဲ့သည့် အရှေ့စီးပွားရေးဖိုရမ် (Eastern Economic Forum) ၌ ပြောကြားခဲ့ပါသည်။ ကမ္ဘာ့ဈေးကွက်အတွင်းသို့ အစားအစာနှင့် ဓာတ်မြေ ဩဇာများ တင်ပို့နိုင်ရေးအတွက် ကုလသမဂ္ဂ၊ တူကီယဲ၊ ရုရှားနှင့်ယူကရိန်းတို့အကြား တွင် ပြီးခဲ့သည့်ဇူလိုင်လ ၂၂ ရက်၌ သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment