ဗင်နီဇွဲလားနိုင်ငံအနေဖြင့် တူကီယဲနိုင်ငံနှင့် ကုန်သွယ်မှုဆက်ဆံရေး တိုးမြှင့်ရန် ရည်ရွယ်ထားသည်ဟု ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရို (Nicolas Maduro) က ပြောကြားခဲ့ကြောင်း Anadolu Agency သတင်းဌာနက စက်တင်ဘာလ ၁၆ ရက် တွင် ဖော်ပြခဲ့ပါသည်။ သမ္မတမာဒူရိုသည် နိုင်ငံ၏ မြို့တော် ကရာကက်စ် (Caracas) ၌ စက်တင်ဘာလ ၁၄ ရက်မှ ၁၈ ရက်အထိ ပြုလုပ်သည့် အီရန်-ဗင်နီဇွဲလား သိပ္ပံ၊ နည်းပညာနှင့် စက်မှုကုန်စည်ပြပွဲတွင် မိန့်ခွန်းပြောကြားရာ၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ဗင်နီဇွဲလားအနေဖြင့် ကိုယ်ပိုင်နည်းပညာတည်ဆောက် ရမည်ဖြစ်ကြောင်းနှင့် မိတ်ဖက်နိုင်ငံများဖြစ်သည့် တရုတ်၊ ရုရှား၊ အိန္ဒိယ၊ အီရန်နှင့် တူကီယဲနိုင်ငံတို့မှ နည်းပညာများကို သင်ယူရမည်ဖြစ်ကြောင်းလည်း သမ္မတ မာဒူရိုက ထည့်သွင်းပြောကြားခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment