ဆလိုဗက်ကီးယားသမ္မတ ဇူဇနာကာပူတိုဗာ (Zuzana Caputova) နှင့် ဂရိအစိုးရအဖွဲ့ အကြီးအကဲများသည် စက်တင်ဘာလ ၆ ရက်တွင် တွေ့ဆုံခဲ့ကြောင်း Xinhua သတင်းဌာနက စက်တင်ဘာလ ၇ ရက်တွင်ဖော်ပြခဲ့ပါသည်။ အဆိုပါတွေ့ဆုံမှု အတွင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးတိုးမြှင့်သွားရန်နှင့် လက်ရှိဖြစ်ပေါ်နေသည့် စွမ်းအင်အကျပ်အတည်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် နှစ်နိုင်ငံ အတူတကွပူးပေါင်းလုပ်ဆောင်၍ စည်းလုံးညီညွတ်မှုကိုပြသခြင်းဖြင့်သာ အဆိုပါ အကျပ်အတည်းများကို ထိထိရောက်ရောက် တုံ့ပြန်နိုင်မည်ဖြစ်ကြောင်း ဂရိသမ္မတ ကတ်တာရီနာဆက်ကယ်လာရိုပူလို (Katerina Sakellaropoulou) က ပြောကြားခဲ့ပါ သည်။ လက်ရှိအချိန်အထိဆက်လက်ဖြစ်ပွားနေသော ယူကရိန်းစစ်ရေးပဋိပက္ခသည် စွမ်းအင်၊ စားနပ်ရိက္ခာနှင့်နေထိုင်မှုစရိတ်အကျပ်အတည်းများကို ဖြစ်ပေါ်စေသည်ဟု လည်း ဂရိသမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်းသိရှိရပါသည်။
No comments:
Post a Comment