Wednesday, May 25, 2022

ဆလိုဗေးနီးယားဝန်ကြီးချုပ်အသစ်အား ရွေးချယ်တင်မြှောက်ခဲ့ခြင်း

 

    ဆလိုဗေးနီးယားဝန်ကြီးချုပ်အသစ်အဖြစ် ရောဘတ်ဂိုးလ်လဘ် (Robert Golob) အား ရွေးချယ်တင်မြှောက်ခဲ့သည်ဟု ဆလိုဗေးနီးယားလွှတ်တော်က မေလ ၂၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း Xinhua သတင်းဌာနက မေလ ၂၆ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဂိုးလ်လဘ်သည် ထောက်ခံမဲ ၅၄ မဲဖြင့် ဝန်ကြီးချုပ် ရွေးချယ်တင်မြှောက် ခံခဲ့ရခြင်းဖြစ်ပြီး ၎င်းဦးဆောင်သည့် အစိုးရဝန်ကြီးများအဖွဲ့အသစ်ကိုလည်း ဇွန်လ ၃ ရက်တွင် စတင်ဖွဲ့စည်းသွားမည်ဖြစ်ပါသည်။ ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်က ကျင်းပခဲ့သည့် ဆလိုဗေးနီးယားအထွေထွေရွေးကောက်ပွဲ၌ ဂိုးလ်လဘ်၏ဗဟိုလက်ဝဲယိမ်း လွတ်လပ်စွာ လှုပ်ရှားမှုပါတီ (Center- left Freedom Movement–FM) မှ အမတ်နေရာ ၉၀ နေရာဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ဒီမိုကရက်တစ်များပါဝင်သည့် ညွန့်ပေါင်းအစိုးရအဖွဲ့အား ဖွဲ့စည်း ခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment