Monday, May 23, 2022

ကာ့ဒ်စစ်သွေးကြွများကို အနီးကပ်စောင့်ကြည့်မှုများပြုလုပ်သွားမည့် တူရကီနိုင်ငံ၏ အစီအစဉ်အား ဖင်လန်နိုင်ငံက ခွင့်ပြုသွားနိုင်ဖွယ်ရှိခြင်း

 

Trtworld; May-23(Mon)

              ဖင်လန်နိုင်ငံအနေဖြင့် နိုင်ငံအတွင်းရှိ ကာ့ဒ်စစ်သွေးကြွများ၏ လှုပ်ရှားမှုများကို တူရကီနိုင်ငံအား အနီးကပ်စောင့်ကြည့်ခွင့်ပေးနိုင်ဖွယ်ရှိသည်ဟု ဖင်လန်နိုင်ငံခြားရေး ဝန်ကြီး ပီကာဟာဗစ်စ်စတို (Pekka Haavisto) က ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် Trtworld သတင်းဌာနက မေလ ၂၃ ရက်တွင် ဖော်ပြခဲ့ပါသည်။ တူရကီသမ္မတ ရီဆက် တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် ဖင်လန်သမ္မတ ဆော်လီနီနီစတို (Sauli Niinisto) တို့အကြား မေလ ၂၁ ရက်ကပြုလုပ်ခဲ့သည့်  တယ်လီဖုန်းခေါ်ဆို ဆွေးနွေးမှုအပြီး တစ်ရက်အကြာတွင် အထက်ပါကြေညာချက်ထွက်ပေါ်လာခဲ့ခြင်းဖြစ် ပါသည်။ ဥရောပနိုင်ငံများက ကာ့ဒ်စစ်သွေးကြွများကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ပြီးနောက် ကာ့ဒ်အဖွဲ့အား ၎င်းတို့နိုင်ငံ၏ ပိုင်နက်နယ်မြေကိုအခြေခံ၍ အကြမ်းဖက်မှုများ လုပ်ဆောင်ခြင်းမပြုရန် သတိပေးတားမြစ်မှုများ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း ဗစ်စ်စတိုက ပြောကြားခဲ့ပါသည်။

              ဖင်လန်နိုင်ငံ၏ NATO အဖွဲ့ဝင်အဖြစ်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ ဖင်လန်နှင့် တူရကီနိုင်ငံတို့အကြား ညှိနှိုင်းဆွေးနွေးမှုများမှာ အောင်မြင်နိုင်ဖွယ်ရှိကြောင်း၊ သို့သော်လည်း ဆွေးနွေးညှိနှိုင်းမှုများမှာ သီတင်းပတ်အနည်းငယ်ကြာမြင့်နိုင်မည်ဟု ခန့်မှန်းထားကြောင်း ဟာဗစ်စ်စတို က ပြောကြားခဲ့ပါသည်။ ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့သည် ယူကရိန်းအပေါ် ရုရှား၏ စစ်ရေးတိုက်ခိုက်မှုကြောင့် မေလ ၁၈ ရက်တွင် NATO အဖွဲ့ဝင်အဖြစ် တရားဝင် လျှောက်လွှာတင်သွင်းမှုများ ပြုလုပ်ခဲ့ပါသည်။ သို့သော် တူရကီနိုင်ငံကမူ ဆွီဒင်နှင့် ဖင်လန်တို့သည် အကြမ်းဖက်အုပ်စုများကို ထောက်ပံ့မှုများပေးအပ်လျက်ရှိသည်ဟု စွပ်စွဲပြောကြားကာ NATO အဖွဲ့ဝင်အဖြစ် လျှောက်ထားမှုကို ကန့်ကွက်မှုများ ပြုလုပ် လျက်ရှိပါသည်။ လွန်ခဲ့သည့် ၃၅ နှစ်တာကာလမှ ယနေ့အချိန်အထိ ကာ့ဒ်စစ်သွေးကြွ အဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် တူရကီနိုင်ငံ၌ အမျိုးသမီးများနှင့် ကလေးသူငယ်များ အပါအဝင် စုစုပေါင်း လူ ၄၀,၀၀၀ ဦးခန့် သေဆုံးခဲ့ရကြောင်း သိရှိရပါသည်။

No comments:

Post a Comment