ဆားဘီးယားနိုင်ငံအနေဖြင့် မီဒီယာလွတ်လပ်ခွင့်နှင့် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံအဖြစ် ဝင်ရောက်လိုသည့် ရည်မှန်းချက်ကို လက်တွေ့ကျကျ အကောင်အထည် ဖော်ဆောင်ခြင်းအပါအဝင် နိုင်ငံအတွက် ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းများအား ဆက်လက်လုပ်ဆောင်ရန် အရေးကြီးသည်ဟု ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှိုဇ်(Olaf Scholz)က မေလ ၅ ရက်တွင် ပြောကြားခဲ့ပါသည်။ အိုလက်ဖ်ရှိုဇ်အနေဖြင့် အနောက် ဘော်လကန်ဒေသရှိ နိုင်ငံအားလုံးအား ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက် လာစေရန်ဆန္ဒရှိသည်ဟု ဆားဘီးယားသမ္မတနှင့် ပူးတွဲပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင် အိုလက်ဖ်ရှိုဇ် သည် လာမည့် ဇွန်လတွင် မွန်တီနီဂရိုး၊ ဘော့စနီးယား-ဟာဇီဂိုးဗီးနား၊ မြောက်မက်ဆီဒိုးနီးယားနှင့် အယ်လ်ဘေးနီးယား၊ ဆားဘီးယားနှင့် ကိုဆိုဗိုနိုင်ငံတို့အား သွားရောက်ကာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးရန် ဖိတ်ကြားသွားမည်ဖြစ် ကြောင်း သိရှိရပါသည်။
No comments:
Post a Comment