Friday, May 20, 2022

ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့၏ NATO အဖွဲ့အဖြစ် ဝင်ရောက်ရန်ဆုံးဖြတ်ချက်အပေါ် တူရကီနိုင်ငံ၏ စိုးရိမ်မှုများနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်လျက်ရှိသည်ဟု NATO အဖွဲ့၏အတွင်းရေးမှူးချုပ်က ပြောကြားခဲ့ခြင်း

 ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့၏ NATO အဖွဲ့အဖြစ် ဝင်ရောက်ရန်ဆုံးဖြတ်ချက် အပေါ် တူရကီနိုင်ငံ၏ စိုးရိမ်မှုများနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်လျက်ရှိသည်ဟု NATO အဖွဲ့၏အတွင်းရေးမှူးချုပ် ဂျန်စ်စတိုတန်ဘာ့ဂ် (Jens Stoltenberg) က ပြောကြား ခဲ့ကြောင်း China.org သတင်းဝဘ်ဆိုက်က မေလ ၂၀ ရက်တွင် ရေးသားဖော်ပြခဲ့ ပါသည်။ ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့သည် ဆီးရီးယားနိုင်ငံရှိ ကာ့ဒ်အလုပ်သမားပါတီ (Kurdistan Workers’ Party) နှင့် ကာ့ဒ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Kurdish militia People’s Defense Units)  စသည့် လက်နက်ကိုင်တပ်ဖွဲ့များအား ထောက်ပံ့ကူညီ လျက်ရှိသောကြောင့် NATO အဖွဲ့ဝင်အဖြစ် လက်ခံနိုင်ခြင်းမရှိကြောင်း တူရကီနိုင်ငံက ပြောကြားလျက်ရှိသည့်အပေါ် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါသည်။  ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့၏ NATO အဖွဲ့ဝင်ဖြစ်ရေးသည် အဖွဲ့ဝင်နိုင်ငံများ၏ လုံခြုံရေး ဆိုင်ရာ အကျိုးစီးပွားနှင့် စိုးရိမ်ပူပန်မှုများကိုလည်း ထည့်သွင်းစဉ်းစားရန်လိုအပ်သည့် အတွက် အဖွဲ့ဝင်နိုင်ငံများနှင့်အတူ ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်၍ ကိုင်တွယ်ဆောင်ရွက် သွားမည်ဟုလည်း ဂျန်က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ 

No comments:

Post a Comment