Financia Mirror; May-28(Sat)
ဆိုက်ပရပ်နှင့် အစ္စရေးနိုင်ငံတို့သည် ကြီးမားသော ပူးတွဲစစ်ရေးလေ့ကျင့်ခန်း တစ်ရပ်အား ဆိုက်ပရပ်နိုင်ငံ၌ မေလ ၂၉ ရက်တွင် လေ့ကျင့်ပြုလုပ်သွားမည်ဖြစ်ကြောင်း Financia Mirror သတင်းဌာနက ဖော်ပြခဲ့ပါသည်၊၊ အဆိုပါစစ်ရေးလေ့ကျင့်မှုသည် နှစ်နိုင်ငံ အကြား အကြီးမားဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခုဖြစ်ပြီး ၎င်းစစ်ရေးလေ့ကျင့်ခန်း၌ အီရန်နျူကလီးယားပစ်မှတ်များကို ပုံဖော်တိုက်ခိုက်မှုပုံစံ စစ်ရေးလေ့ကျင့်မှုများပါဝင် ကြောင်းနှင့် အစ္စရေးရေတပ်မှ တပ်ရင်းတပ်ဖွဲ့များအပါအဝင် စစ်လေယာဉ်များစွာ ပါဝင် လေ့ကျင့်မည်ဖြစ်ကာ စစ်ဘက်ဆိုင်ရာတပ်ဖွဲ့ဝင်အရေအတွက် အများအပြားပါဝင်သည့် လေ့ကျင့်ခန်းတစ်ရပ်ဖြစ်ကြောင်း ၎င်းသတင်းဌာနတွင် ဖော်ပြထားပါသည်။
သုံးသပ်ချက်
ဆိုက်ပရပ်နှင့် အစ္စရေးနိုင်ငံတို့သည် စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ အပါအဝင် နိုင်ငံရေး၊ ယဉ်ကျေးမှုနယ်ပယ်အသီးသီးတွင် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်း
ဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိပါသည်။ မကြာသေးမီက
နှစ်နိုင်ငံအကြား အစ္စရေး အထူးတပ်ဖွဲ့ဝင်များနှင့်
လေတပ်ဆိုင်ရာပူးတွဲစစ်ရေးလေ့ကျင့်မှုများကိုလည်း လုပ်ဆောင် ခဲ့သည်ကို တွေ့ရှိရပါသည်။ ထို့ပြင် အစ္စရေးနှင့်ဆိုက်ပရပ်နိုင်ငံတို့အပါအဝင်
နိုင်ငံပေါင်းစုံ ၇ နိုင်ငံပါဝင်သည့် စစ်မက်ဖြစ်ပွားရာနေရာမှ အရပ်သားများကို
ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရေးနှင့် ကမ်းခြေကယ်ဆယ်ရေးစစ်ရေးလေ့ကျင့်မှုများအား
ဆိုက်ပရပ်နိုင်ငံ၌ ပြုလုပ်ခဲ့သည်ကို တွေ့ရှိရပါသည်။ လက်ရှိတွင်လည်း တူရကီဘက်မှ
ကန့်ကွက် တားမြစ်မှုများပြုလုပ်ထားသည့် အစ္စရေး-ဆိုက်ပရပ်
နှစ်နိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်မှုအား ပြုလုပ်သွားမည်ဖြစ်ကာ
၎င်းစစ်ရေးလေ့ကျင့်ခန်းတွင် အီရန်နျူကလီးယားပစ်မှတ်များကို ပုံဖော်တိုက်ခိုက်မှုပုံစံပါဝင်သည့်
စစ်ရေးလေ့ကျင့်မှုများနှင့် အစ္စရေးရေတပ်မှ တပ်ရင်း တပ်ဖွဲ့များအပါအဝင် စစ်လေယာဉ်များစွာပါဝင်သော
စစ်ရေးလေ့ကျင့်မှုတစ်ခုအား ပြုလုပ်သွားမည်ဖြစ်ပါသည်။
သို့ဖြစ်၍ ဆိုက်ပရပ်နိုင်ငံအနေဖြင့် အဆိုပါစစ်ရေးလေ့ကျင့်မှု များမှတစ်ဆင့်
၎င်းနိုင်ငံ၏ စစ်ရေးစွမ်းရည်များကို မြှင့်တင်နိုင်မည်ဖြစ်သလို အစ္စရေး နိုင်ငံနှင့် စစ်ဘက်ဆိုင်ရာဆက်ဆံရေးမှာ ပိုမိုခိုင်မာလာစေမည်ဖြစ်ကာ
တစ်ဖက်တွင်လည်း တူရကီနိုင်ငံနှင့်ဆက်ဆံရေးမှာ
ပိုမိုဆိုးရွားလာနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment