တူရကီနှင့်အာမေးနီးယားနိုင်ငံတို့မှ အထူးကိုယ်စားလှယ်များသည် ကြိုတင် သတ်မှတ်ချက်များမရှိဘဲ ၎င်းတို့နှစ်နိုင်ငံအကြား ပုံမှန်ဆက်ဆံရေးတည်ဆောက်သွားရန် သဘောတူညီခဲ့ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား၍ Ahvalnews သတင်းဌာနက မေလ ၄ ရက်တွင်ရေးသားဖော်ပြခဲ့ပါသည်။ ၁၉၁၅ ခုနှစ်တွင် တူရကီနိုင်ငံ၌ အာမေးနီးယားလူမျိုး ၁.၅ သန်းခန့် သတ်ဖြတ်ခံရမှုအပါအဝင် ကိစ္စရပ်များစွာတွင် သဘောထားကွဲလွဲခဲ့ခြင်းကြောင့် ၎င်းတို့နှစ်နိုင်ငံ ဆက်ဆံရေးဆိုးရွား ခဲ့ပါသည်။ ၎င်းတို့နှစ်နိုင်ငံကိုယ်စားလှယ်များသည် နှစ်နိုင်ငံအကြား ဆယ်စုနှစ် ၃ ခုကြာ ဆက်ဆံရေးအေးခဲနေမှုကိုအဆုံးသတ်၍ ပုံမှန်ဆက်ဆံရေးတည်ဆောက်နိုင်ရေးအတွက် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်တွင် ရုရှားနိုင်ငံနှင့် ဖေဖော်ဝါရီလ ၂၄ ရက်တွင် ဩစတြီးယားနိုင်ငံတို့၌ ဆွေးနွေးပွဲများကျင်းပခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment